စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 08/10/2024 Last Edited: 08/10/2024

တစ် ရေး နိုး သော် အ ကြံ ပေါ် (၄) – “ကိုယ် ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ကြ လော့”

ဒီ ဆောင်း ပါး ဖြစ် လာ ရ ခြင်း အ ကြောင်း ကို အ ရင် ဆုံး ပြော ပါ ရ စေ။ ပြီး ခဲ့ တဲ့ ၂၀၂၃ နှစ် ကုန် ပိုင်း မှာ စင်္ကာ ပူ က ကျွန် တော် ပါ ဝင် တက် ရောက် တဲ့ အ သင်း တော် မှာ ခ ရစ် အိမ် ထောင် မိ သား စု ရက် သတ္တ ပတ် (Christian Home Week) ကို ကျင်း ပ ပါ တယ်။ အ သင်း‌ တော် လူ ကြီး တစ် ယောက် က ကျွန် တော့် ကို အိမ် ထောင် မိ သား စု မှာ ဇ နီး သည် တွေ ဘယ် လောက် အ ရေး ကြီး သ လဲ ဆို တဲ့ အ ကြောင်း အဲ ဒီ အ စီ အ စဉ် မှာ ၁၀ မိ နစ် စာ လောက် သက် သေ ခံ ပြော ပေး နိုင် မ လား လို့ ပြော တော့ ကျွန် တော် လွယ် လွယ် ကူ ကူ ဘဲ လက် ခံ လိုက် ပါ တယ်။ လက် တွေ့ မှာ တော့ အ ချိန် မ လောက် တဲ့ အ တွက် ကျွန် တော် သက် သေ မ ခံ ဖြစ် ပါ ဘူး။ ဒါ ပေ မဲ့ သက် သေ ခံ ဖို့ အ တွက် မိန်း မ တွေ အ ရေး ကြီး ပုံ ကို တစ် ရေး နိုး ဆင် ခြင် စဉ်း စား ရင်း နဲ့ ကျွန် တော် ဆင် ခြင် မိ တဲ့ အ ကြောင်း အ ရာ ကို ဆောင်း ပါး ရေး တင် ပြ လိုက် ရ ခြင်း ဖြစ် ပါ တယ်။

“မိ သား စု နဲ့ မိန်း မ”

လူ့ အ ဖွဲ့ အ စည်း ရဲ့ အ ခြေ ခံ အုတ် မြစ် ဟာ အိမ် ထောင် မိ သား စု ဖြစ် တယ် လို့ ကျွန် တော် ထင် ပါ တယ်။ ပြီး တော့ အိမ် ထောင် တစ် ခု ရဲ့ အ ခြေ ခံ အုတ် မြစ် ဟာ လည်း ခင် ပွန်း သည် နဲ့ ဇ နီး သည် ဖြစ် တယ် လို့ ကျွန် တော် ယူ ဆ ပါ တယ်။ ဒီ နေ ရာ မှာ ဝိ ညာဉ် ရေး ရာ ပိုင်း ကို ကျွန် တော် ပြော နေ တာ မ ဟုတ် ဘူး လို့ စာ ဖတ် သူ တွေ နား လည် ပါ လိမ့် မယ်။

အဲ သ လို ခင် ပွန်း သည် နဲ့ ဇ နီး သည် တို့ ဟာ အိမ် ထောင် ရဲ့ အ ခြေ ခံ အုတ် မြစ် ဖြစ် ကြ တဲ့ အ တွက် အိမ် ထောင် မိ သား စု တစ် ခု ဘယ် လို လည် ပတ် သ လဲ ဆို တာ ဟာ လည်း အဲ ဒီ အိမ် ထောင် ရဲ့ ခင် ပွန်း သည် နဲ့ ဇ နီး သည် နှစ် ဦး တို့ ကြား မှာ ရှိ တဲ့ ဆက် ဆံ ရေး အ နေဲ အ ထား ပေါ် မူ တည် ပါ လိမ့် တယ်။ ကမ္ဘာ ပေါ် မှာ ရှိ တဲ့ လူ မျိုး များ စွာ လူ့ အ ဖွဲ့ အ စည်း များ စွာ ထဲ က အ များ စု မှာ အိမ် ထောင် ကို ယောက်ျား က ဦး စီး တာ ဖြစ် ဲ မဲ့ တစ် ချို့ လူ့ အ ဖွဲ့ အ စည်း တွေ မှာ မိန်း မ က ဦး ဆောင် တာ လည်း ရှိ ပါ တယ်။ ဒီ လို ယောက်ျား သို့ မ ဟုတ် မိန်း မ တစ် ဦး ဦး က အိမ် ထောင် ကို ဦး ဆောင် တာ ဟာ လူ သား တွေ ရဲ့ မိ ရိုး ဖ လာ ထုံး တမ်း စဉ် လာ ဖြစ် ပါ တယ်။ ယောက်ျား နဲ့ မိန်း မ နှစ် ယောက် ပေါင်း ပြီး ဦး ဆောင် တယ် လို့ တော့ မ ကြား ဘူး ပါ ဘူး။

ခ ရစ် ယာန် အိမ် ထောင် မိ သား စု မှာ တော့ ကိုယ့် ယောက်ျား ရဲ့ အုပ် စိုး မှု ကို ဇ နီး သည် တွေ ဝန် ခံ လိုက် နာ ဖို့ သမ္မာ ကျမ်း စာ က သွန် သင် ထား ပါ တယ်။ နာ ခံ ရင် ကောင်း မယ် ဆို ပြီး အ ကြံ ပေး တဲ့ ပုံ စံ နဲ့ ပြော နေ တာ မ ဟုတ် ပါ ဘူး။ နာ ခံ ရ မယ် လို့ အ မိန့် ပေး တဲ့ ပုံ စံ နဲ့ ပြော နေ တာ ပါ။

“အ ချင်း မိန်း မ တို့၊ သ ခင် ဘု ရား ၏ အုပ် စိုး တော် မူ ခြင်း ကို ဝန် ခံ သ ကဲ့ သို့၊ ကိုယ် ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ကြ လော့။ အ ကြောင်း မူ ကား၊ ခ ရစ် တော် သည် အ သင်း တော် ၏ အ ပေါ် မှာ ခေါင်း ဖြစ် တော် မူ သ ကဲ့ သို့၊ ယောက်ျား သည် မိ မိ ခင် ပွန်း ၏ အ ပေါ် မှာ ခေါင်း ဖြစ် ၏။ ခ ရစ် တော် သည် လည်း မိ မိ ကိုယ် ကို ကယ် တင် သော သူ ဖြစ် တော် မူ ၏။ အ သင်း တော် သည် ခ ရစ် တော် ၏ အုပ် စိုး တော် မူ ခြင်း ကို ဝန် ခံ သ ကဲ့ သို့၊ မိန်း မ တို့ လည်း ကိုယ် ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို အ ရာ ရာ ၌ ဝန် ခံ ရ ကြ မည်။” (ဧ ၅:၂၂-၂၄)

“အ ချင်း မိန်း မ တို့၊ သ ခင် ဘု ရား ၌ လျောက် ပတ် သည် အ တိုင်း၊ ကိုယ် ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ကြ လော့။” (ကော ၃:၁၈)

“အ ထက် ဆို ခဲ့ ပြီး သည် နည်း တူ မိန်း မ တို့၊ ကိုယ် ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ကြ လော့။” (၁ ပေ ၃:၁)

“အ သင်း တော် နဲ့ မိန်း မ”

ဘု ရား သ ခင် ဟာ မိ သား စု ထဲ မှာ သာ မ က အ သင်း တော် ထဲ မှာ ပါ မိန်း မ တွေ ကို အုပ် စိုး ခွင့် မ ပေး ပါ ဘူး။

“သင် တို့ ၏ မိန်း မ တို့ သည် အ သင်း တော် ၌ တိတ် ဆိတ် စွာ နေ ကြ စေ။ သူ တို့ သည် ဟော ပြော ရ သော အ ခွင့် မ ရှိ ကြ။ ပ ညတ် တ ရား စီ ရင် သည် အ တိုင်း သူ တို့ သည် ယောက်ျား ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ရ ကြ မည်။ မိန်း မ တို့ သည် တ စုံ တ ခု ကို သင် လို လျှင်၊ အိမ် ၌ မိ မိ ခင် ပွန်း တို့ ကို မေး မြန်း ကြ စေ။ မိန်း မ သည် အ သင်း တော် ၌ ဟော ပြော လျှင် ရှက် ဘွယ် သော အ ကြောင်း ဖြစ် ၏။ ဘု ရား သ ခင် ၏ နှုတ် က ပတ် တ ရား တော် သည် သင် တို့ မှ ထွက် သ လော။ သို့ မ ဟုတ် သင် တို့ သို့ သာ ရောက် သ လော။” (၁ ကော ၁၄:၃၄-၃၆)

“မိန်း မ သည် အုပ် စိုး ခြင်း ကို အ စဉ် ဝန် ခံ ၍ တိတ် ဆိတ် စွာ သင် စေ။ မိန်း မ သည် ဆုံး မ ဩ ဝါ ဒ ပေး ခြင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု စေ ခြင်း အ ခွင့် ကို ငါ မ ပေး။ သူ သည် တိတ် ဆိတ် စွာ နေ အပ် ၏။” (၁ တိ ၂:၁၁-၁၂)

ဒါ ပေ မဲ့ ဘု ရား သ ခင် ဟာ အ သင်း တော် မှာ မိန်း မ တွေ ပါ ဝင် ပတ် သက် တာ ကို လုံး ဝ ပိတ် ပင် တာ တော့ မ ဟုတ် ပါ ဘူး။ သင့် တော် သ လို အ သုံး ပြု ခဲ့ တာ ကို တွေ့ ရ တယ်။ သာ သ နာ ပြု ဆ ရာ ဖိ လိပ္ပု ရဲ့ သ မီး လေး ယောက် ကို ပ ရော ဖက် ပြု ခွင့် ပေး ခဲ့ တယ်။

“တု ရု မြို့ မှ ပ တော လင် မြို့ သို့ ရောက် လျှင်၊ ပင် လယ် ကူး ခြင်း နှင့် လွတ် ကြ ၏။ ပ တော လင် မြို့ ၌ ညီ အစ် ကို တို့ နှင့် နှုတ် ဆက် ၍ တ ရက် နေ ပြီး မှ၊ နက် ဖြန် နေ့ ၌ ထွက် သွား ပြန် ၍ ကဲ သ ရိ မြို့ သို့ ရောက် လျှင်၊ ဆ ရာ ခု နစ် ပါး အ ဝင် သာ သ နာ ပြု ဆ ရာ ဖိ လိပ္ပု ၏ အိမ် သို့ ဝင် ၍ နေ ကြ ၏။ ထို သူ ၌ ပ ရော ဖက် ပြု သော သ မီး က ညာ လေး ယောက် ရှိ ၏။” (တ ၂၁:၇-၉)

အာ ကု လ ရဲ့ ဇ နီး သည် ပြစ် ကိ လ ကို လည်း အာ ပေါ လု ကို သွန် သင် စေ ခဲ့ တယ်။

“အာ ပေါ လု အ မည် ရှိ သော အာ လေ ဇန္ဒြိ မြို့ သား၊ ယု ဒ လူ တ ယောက် သည် ဧ ဖက် မြို့ သို့ ရောက် လာ ၏။ ထို သူ သည် နှုတ် သတ္တိ နှင့် ပြည့် စုံ ၍ ကျမ်း စာ ၌ အား ကြီး သော သူ ဖြစ် ၏။ သ ခင် ဘု ရား ၏ ဘာ သာ ၌ လေ့ ကျက် ၍ စိတ် အား ကြီး သ ဖြင့်၊ သ ခင် ဘု ရား ၏ အ ကြောင်း များ ကို စေ့ စေ့ ဟော ပြော ၍ ဆုံး မ ဩ ဝါ ဒ ပေး ၏။ သို့ သော် လည်း၊ ယော ဟန် ၏ ဗတ္တိ ဇံ ကို သာ သိ ၏။ ထို သူ သည် တ ရား စ ရပ် ၌ ရဲ ရင့် စွာ ဟော ပြော စ ပြု သ ဖြင့်၊ အာ ကု လ နှင့် ပြစ် ကိ လ တို့ သည် သူ ၏ စ ကား ကို ကြား သော အ ခါ၊ သူ့ ကို ယူ ၍ ဘု ရား သ ခင် ၏ ဘာ သာ တ ရား ကို သာ ၍ သေ ချာ စွာ သင် ကြား ကြ ၏။” (တ ၁၈:၂၄-၂၆)

ဒါ ကြောင့် ကျွန် တော် နား လည် သ ဘော ပေါက် သ လောက် ဆို ရင် မိန်း မ တွေ ဟာ အ သင်း တော် ထဲ မှာ ပ ရော ဖက် ပြု ဟော ပြော တာ၊ သွန် သင် တာ၊ ကျမ်း စာ သင် ပေး တာ တွေ လုပ် နိုင် ပေ မဲ့ လည်း အ သင်း တော် တစ် ခု လုံး အ ပေါ် မှာ သင်း အုပ် လုပ် တာ တို့၊ အ သင်း တော် ရဲ့ ခံ ယူ ချက် ဩ ဝါ ဒ ချ မှတ် ပေး တာ တို့ ကို လုပ် ခွင့် မ ရှိ ဘူး။

“ဘု ရား သ ခင် က မိန်း မ တွေ ကို နှိမ် နေ သ လား”

ဒီ ကျမ်း စာ သွန် သင် ချက် တွေ ကို ထောက် ပြ ပြီး တစ် ချို့ က ဘု ရား သ ခင် ဟာ ယောက်ျား တွေ ကို ဘက် လိုက် တယ်၊ မိန်း မ တွေ ကို နှိမ် တယ် လို့ ယူ ဆ ကြ တယ်။ လူ ချင်း အ တူ တူ ဒီ လို ခွဲ ခြား ဆက် ဆံ တဲ့ အ တွက် ဘု ရား သ ခင် ဟာ တ ကယ် တ ရား မျှ တ တဲ့ သူ ဖြစ် ပါ ရဲ့ လား လို့ မေး ခွန်း ထုတ် ကြ တယ်။

ဒါ့ အ ပြင် ယေ ရှု ခ ရစ် တော် ကို ယုံ ကြည် ပြီး တဲ့ နောက် ယုံ ကြည် သူ တွေ အ ကြား မှာ ယောက်ျား မိန်း မ ခွဲ ခြား မှု မ ရှိ တော့ ဘူး၊ အ စေ ခံ နဲ့ သ ခင် မ ရှိ တော့ ဘူး၊ လူ မျိုး ကွဲ ပြား မှု မ ရှိ တော့ ဘူး စ သ ဖြင့် ခွဲ ခြား မှု၊ ကွဲ ပြား မှု တွေ မ ရှိ တော့ တဲ့ အ ကြောင်း ကျမ်း စာ က ဆို ပါ တယ်။

“ယေ ရှု ခ ရစ် ၌ ယု ဒ လူ မ ရှိ၊ ဟေ လ သ လူ မ ရှိ၊ ကျွန် မ ရှိ၊ လူ လွတ် မ ရှိ၊ ယောက်ျား မ ရှိ၊ မိန်း မ မ ရှိ၊ ထို သ ခင် ၌ သင် တို့ အ ပေါင်း သည် တ လုံး တ ဝ တည်း ဖြစ် ကြ ၏။” (ဂ လ ၃:၂၈)

ဒီ လို ယောက်ျား မိန်း မ ခွဲ ခြား မှု မ ရှိ ဘူး လို့ ဆို ရင် ဘာ ဖြစ် လို့ ဘု ရား သ ခင် က အိမ် ထောင် မိ သား စု မှာ ဇ နီး သည် တွေ ကို ခင် ပွန်း သည် ရဲ့ အုပ် စိုး မှု အောက် မှာ နာ ခံ အ သက် ရှင် ရ မယ် လို့ ပြော ရ တာ လဲ။ အ သင်း တော် မှာ မိန်း မ တွေ ကို ဟော ပြော ခွင့် မ ရှိ ဘူး လို့ ပြော ရ တာ လဲ။ ယုံ ကြည် သူ အ ချင်း ချင်း ကြား မှာ ဒီ လို စီ ရင် တာ မ တ ရား ရာ မ ကျ ဘူး လား။ ဖြောင့် မတ် ပြီး တ ရား မျှ တ တဲ့ ဘု ရား သ ခင် က ဒီ လို ခွဲ ခြား သတ် မှတ် ထား တာ ဘာ ကြောင့် လဲ။

ကျမ်း စာ ကို သေ သေ ချာ ချာ လေ့ လာ ကြည့် ရင် ဘု ရား သ ခင် ဟာ မိန်း မ တွေ ကို မ နှိမ် ဘူး ဆို တာ သိ သာ ထင် ရှား ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ကျမ်း စာ ထဲ မှာ ဘု ရား သ ခင် က မိန်း မ တွေ ကို အ မြင့် ဆုံး နေ ရာ ပေး ထား တာ ကို တွေ့ ရ လို ပါ။

ဘု ရား သ ခင် ဟာ မိန်း မ တွေ ကို လူ မျိုး ကို အုပ် စိုး တဲ့ တ ရား သူ ကြီး နေ ရာ မှာ ခန့် ထား ခဲ့ တယ်။

“ထို ကာ လ အ ခါ လ ပိ ဒုတ် မြို့ သား ပ ရော ဖက် မ ဒေ ဗော ရ သည် ဣ သ ရေ လ အ မျိုး ကို အုပ် စိုး ၏။ သူ သည် ဧ ဖ ရိမ် တောင် ပေါ်၊ ရာ မ မြို့ နှင့် ဗေ သ လ မြို့ စပ် ကြား၊ ဒေ ဗော ရ စွန် ပ လွံ ပင် အောက် မှာ နေ ၍၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ထို ပ ရော ဖက် မ ၏ စီ ရင် ခြင်း ကို ခံ အံ့ သော ငှါ ရောက် လာ တတ် ကြ ၏။” (သူ ကြီး ၄:၄-၅)

ဒါ တင် မ က ဘူး ရှင် ဘု ရင် တွေ၊ ယဇ် ပု ရော ဟိတ် တွေ ရဲ့ အ ပေါ် မှာ ပ ရော ဖက် မ အ ဖြစ် လည်း နေ ရာ ပေး ခဲ့ တယ်။

“ထို ကာ လ တွင်၊ ဟ ရ ဟတ် သား ဖြစ် သော တိ က ဝ ၏ သား၊ အ ချုပ် ဝန် ရှလ္လုံ ၏ မ ယား၊ ပ ရော ဖက် မ ဟု လ ဒ သည် ယေ ရု ရှ လင် ပြင် မြို့ ၌ နေ သည် ဖြစ် ၍၊ ယဇ် ပု ရော ဟိတ် ဟိ လ ခိ၊ အ ဟိ ကံ၊ အာ ခ ဗော်၊ ရှာ ဖန်၊ အ သ ဟိ တို့ သည် ထို မိန်း မ ထံ သို့ သွား ၍ ပြော ဆို ကြ ၏။” (၄ ရာ ၂၂:၁၄)

ဒါ တင် မ က ဘု ရား သ ခင် ဟာ မိန်း မ တစ် ဦး ဖြစ် တဲ့ ဧ သ တာ ကို အင် မ တန် အ ရေး ပါ တဲ့ ဘု ရင့် မိ ဖု ရား နေ ရာ ပေး ပြီး အ သုံး ပြု ခဲ့ တာ တွေ့ ရ တယ်။ ဧ သ တာ ရဲ့ လက် ထဲ ကို မီ ဒို ပါး ရှား (မေ ဒိ ပေ ရ သိ) အင် ပါ ယာ ထဲ မှာ ရှိ တဲ့ ဂျူး လူ မျိုး တစ် မျိုး လုံး ရဲ့ သေ ရေး ရှင်း ရေး ကိစ္စ တစ် ရပ် လုံး ကို အပ် နှံ ခဲ့ တယ်။

“ယ ခု ကာ လ သင် သည် တိတ် ဆိတ် စွာ နေ လျှင်၊ သင် နှင့် သင် ၏ အ ဆွေ အ မျိုး သည် ပျက် စီး ၍၊ ယု ဒ လူ တို့ အ သက် ရှင် ခြင်း၊ ကယ် တင် ခြင်း အ ကြောင်း တ စုံ တ ခု ပေါ် လိမ့် မည်။ ယ ခု အ မှု ကို ဆောင် ဘို့ ရာ သင် သည် မိ ဖု ရား အ ရာ ကို ရ သည် ဟု ထင် စ ရာ ရှိ သည် မ ဟုတ် လော ဟု ဧ သ တာ အား ပြန် ပြော စေ ခြင်း ငှါ မှာ လိုက် ၏။” (ဧ သ ၄:၁၄)

ဒါ တင် မ က ဓမ္မ သစ် ကာ လ မှာ လည်း သ ခင် ခ ရစ် တော် ရဲ့ အ မှု တော် လုပ် ငန်း နဲ့ နောက် ဆက် တွဲ ဧ ဝံ ဂေ လိ တ ရား တော် ပြန့် ပွား ဖို့ မှာ လည်း မိန်း မ တွေ ကို ဘု ရား သ ခင် က နေ ရာ ပေး ပြီး အ သုံး ပြု တာ တွေ ကို တွေ့ ရ ပါ တယ်။ ဒါ ကြောင့် ဘု ရား သ ခင် ဟာ မိန်း မ တွေ ကို နှိမ့် ချ တယ် ဆို တဲ့ စွပ် စွဲ ချက် ဟာ မ မှန် ပါ ဘူး။

ဒါ ပေ မဲ့ ဒီ ရှင်း ပြ ချက် ကို ယုံ ကြည် သူ ခ ရစ် ယာန် အ မျိုး သ မီး တွေ လက် ခံ နိုင် ပါ့ မ လား။

“ယုံ ကြည် သူ အ မျိုး သ မီး များ လက် ခံ ရန် ခက် ခဲ သော သွန် သင် ချက်”

ဓမ္မ သစ် ကျမ်း စာ မှာ ခ ရစ် ယာန် တွေ လိုက် နာ ဖို့ ပ ညတ် ထား သွန် သင် ချက် တွေ မြောက် များ စွာ ထဲ က ဒီ ခင် ပွန်း သည် ရဲ့ အုပ် စိုး ခြင်း ကို နာ ခံ ရ မယ် ဆို တဲ့ သွန် သင် ချက် ဟာ ယုံ ကြည် သူ ခ ရစ် ယာန် အ မျိုး သ မီး တွေ လက် တွေ့ လိုက် နာ ကျင့် ကြံ ဖို့ အ ခက် ခဲ ဆုံး သွန် သင် ချက် ဖြစ် ပါ လိမ့် မယ်။

မှတ် မှတ် ရ ရ ကျွန် တော် မ ပြောင်း လဲ မီ၊ ရန် ကုန် က ကျွန် တော် တို့ မိ သား စု ပါ ဝင် တက် ရောက် တဲ့ အ သင်း တော် ရဲ့ ဝတ် ပြု ကိုး ကွယ် ခြင်း အ စီ အ စဉ် တစ် ခု မှာ မိ ခင် များ နေ့ အ ထိမ်း အ မှတ် ကို လည်း ကျင်း ပ ပါ တယ်။ အဲ ဒီ မှာ အ သင်း တော် လူ ကြီး တွေ ရဲ့ ဇ နီး သည် တွေ၊ အ ရာ ရှိ က တော် ကြီး တွေ ရှေ့ ထွက် တန်း စီ မတ် တတ် ရပ် ပြီး ကျမ်း စာ အ လွတ် ရွတ် ပြ ကြ ပါ တယ်။

သာ မန် အား ဖြင့် မိ ခင် များ နေ့ ဖြစ် တဲ့ အ တွက် မိ ခင် တွေ အ တွက် သင် ခန်း စာ ယူ စ ရာ၊ ခွန် အား ယူ စ ရာ ကျမ်း စာ သွန် သင် ချက် တွေ ကို ရွတ် ပြ မယ် လို့ ထင် ရ ပေ မဲ့၊ တ ကယ် သူ တို့ ရွတ် သွား တာ က တော့ “အ ချင်း ယောက်ျား တို့၊ ကိုယ် ခင် ပွန်း ကို ချစ် ကြ လော့။ . . .” နဲ့ အ စ ချီ ပြီး ခင် ပွန်း သည် တွေ အ တွက် ဘု ရား သ ခင် ပေး ထား တဲ့ ကျမ်း ချက် ကို အ လွတ် ရွတ် ပြ ကြ ပါ တယ်။

မိ ခင် များ နေ့ ဖြစ် တဲ့ အ တွက် သူ တို့ အ မှန် တ ကယ် ရွတ် ပြ သင့် တာ က “အ ချင်း မိန်း မ တို့၊ . . . “ နဲ့ အ စ ချီ တဲ့ ကျမ်း ပိုဒ် တွေ ဖြစ် ပေ မဲ့၊ အဲ ဒီ ကျမ်း ပိုဒ် တွေ ကို သူ တို့ မ ရွတ် နိုင် ကြ ဘူး။ ဘာ ဖြစ် လို့ လဲ လို့ မေး ရင် ကျွန် တော့် အ တွက် အ ဖြေ က ရှင်း ပါ တယ်။ မိန်း မ တွေ အ တွက် ကျမ်း စာ သွန် သင် ချက် တွေ အ များ ကြီး ရှိ တဲ့ အ ထဲ မှာ ခင် ပွန်း သည် ရဲ့ အုပ် စိုး မှု ကို နာ ခံ ရ မယ် ဆို တဲ့ သွန် သင် ချက် ဟာ လက် ခံ နိုင် ဖို့ အင် မ တန် ခက် ခဲ တဲ့ ကျမ်း ချက် ဖြစ် နေ လို့ ပါ ဘဲ။

အဲ သ လို လက် မ ခံ နိုင် တာ အဲ ဒီ အ သင်း တော် က အ မျိုး သ မီး ကြီး တွေ တင် မ ဟုတ် ပါ ဘူး။ ကမ္ဘာ တစ် လွှား က ခ ရစ် အ မျိုး သ မီး အ တော် များ များ က လည်း လက် ခံ ချင် ကြ မှ မ ဟုတ် ဘူး လို့ ကျွန် တော် ထင် ပါ တယ်။ ကျမ်း စာ သွန် သင် ချက် ဖြစ် နေ တဲ့ အ တွက် ပါး စပ် က ဗြောင် ဖွင့် မ ပြော ပေ မဲ့ စိတ် ထဲ မှာ တော့ လက် မ ခံ နိုင် ကြ ဘူး။

“အ ကြောင်း ရင်း ကို အ ဖြေ ရှာ ခြင်း”

ဒီ တော့ ကာ ဘာ ကြောင့် ဒီ လို အ မျိုး သ မီး တွေ လက် ခံ ဖို့ အင် မ တန် ခက် ခဲ တဲ့ သွန် သင် ချက် ကို ဘု ရား သ ခင် ပြဋ္ဌာန်း ရ တာ လဲ လို့ မေး ခွန်း ထုတ် နိုင် ပါ တယ်။ ဒီ နေ ရာ မှာ ကျွန် တော် တို့ သိ ထား ဖို့ က ဘု ရား သ ခင် ဟာ ဘယ် အ ရာ ကို မှ အ ကျိုး မဲ့ အ ကြောင်း မဲ့ မ လုပ် တတ် ဘူး ဆို တာ ပါ ဘဲ။ ဒါ ကြောင့် ဘု ရား သ ခင် က ဇ နီး သည် တွေ ကိုယ့် ယောက်ျား ရဲ့ အုပ် စိုး မှု ကို နာ ခံ ဖို့ ဆို တဲ့ ပ ညတ် ချက် ပေး ရ ခြင်း မှာ လည်း ခိုင် လုံ တဲ့ အ ကြောင်း ပြ ချက် ရှိ ရ ပါ လိမ့် မယ်။ ဒီ ဆောင်း ပါး မှာ ဒီ အ ချက် နဲ့ ပတ် သက် ပြီး ကျွန် တော့် အ မြင် ကို တင် ပြ ချင် ပါ တယ်။

ဒီ လို အ မျိုး သ မီး တွေ လက် ခံ ရ ခက် တဲ့ သွန် သင် ချက် ကို နား လည် နိုင် ဖို့ အ တွက် ကျွန် တော် တို့ ကမ္ဘာ ဦး ကျမ်း ကို ပြန် သွား ကြည့် ဖို့ လို ပါ လိမ့် မယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ရှင် ပေါ လု က ဒီ သွန် သင် ချက် ကို ရေး တဲ့ အ ခါ မှာ ကမ္ဘာ ဦး ကျမ်း က အာ ဒံ နဲ့ ဧ ဝ တို့ ရဲ့ အ ဖြစ် အ ပျက် ကို ပြန် ပြီး ရည် ညွှန်း ထား တဲ့ အ တွက် ကြောင့် ဖြစ် ပါ တယ်။

“မိန်း မ သည် အုပ် စိုး ခြင်း ကို အ စဉ် ဝန် ခံ ၍ တိတ် ဆိတ် စွာ သင် စေ။ မိန်း မ သည် ဆုံး မ ဩ ဝါ ဒ ပေး ခြင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု စေ ခြင်း အ ခွင့် ကို ငါ မ ပေး။ သူ သည် တိတ် ဆိတ် စွာ နေ အပ် ၏။ အ ကြောင်း မူ ကား၊ အာ ဒံ ကို ရှေ့ ဦး စွာ ဖန် ဆင်း တော် မူ ၍၊ နောက် မှ ဧ ဝ ကို ဖန် ဆင်း တော် မူ ၏။ ထို မှ တ ပါး၊ အာ ဒံ သည် လှည့် ဖြား ခြင်း ကို မ ခံ၊ မိန်း မ သည် လှည့် ဖြား ခြင်း ကို ခံ ၍ လွန် ကျူး ၏။” (၁ တိ ၂:၁၁-၁၄)

“လူ မိန်း မ ကို ထူး ခြား စွာ ဖန် ဆင်း ခြင်း”

ကမ္ဘာ ဦး ကျမ်း က ဖန် ဆင်း ခြင်း အ ကြောင်း တွေ ကို သေ သေ ချာ ချာ ပြန် ကြည့် ရင် ထူး ခြား တာ တွေ ကို တွေ့ ရ ပါ လိမ့် မယ်။ ဘု ရား သ ခင် ဟာ သက် ရှိ တွေ ကို ဖန် ဆင်း တဲ့ အ ခါ မှာ မ တူ ညီ တဲ့ ကုန် ကြမ်း တွေ ကို သုံး ပြီး ဖန် ဆင်း ခဲ့ တာ တွေ့ ရ တယ်။

ပ ထ မ ဦး ဆုံး ငါး နဲ့ ငှက် တွေ ကို ရေ က နေ တစ် ဆင့် ဖြစ် ပေါ် စေ ခဲ့ တယ်။

“တ ဖန် ဘု ရား သ ခင် က၊ အ သက် ရှင် ၍ လှုပ် ရှား တတ် သော တိ ရစ္ဆာန် တို့ ကို ရေ သည် များ ပြား စွာ မွေး ဘွား စေ။ ငှက် တို့ လည်း မြေ ပေါ် မိုဃ်း ကောင်း ကင် မျက် နှာ ကြက် ပြင် ဝယ် ပျံ စေ ဟု အ မိန့် တော် ရှိ ၏။ ထို သို့ လျှင် ရေ သည် တိ ရစ္ဆာန် အ မျိုး အ လိုက် များ ပြား စွာ မွေး ဘွား ၍၊ ငါး ကြီး အ စ ရှိ သော အ သက် ရှင် ၍ လှုပ် ရှား တတ် သော တိ ရစ္ဆာန် အ ပေါင်း တို့ ကို ၎င်း၊ ပျံ တတ် သော ငှက် မျိုး အ ပေါင်း တို့ ကို ၎င်း ဘု ရား သ ခင် ဖန် ဆင်း ၍၊ ထို အ မှု အ ရာ ကောင်း သည် ကို မြင် တော် မူ ၏။” (က ၁:၂၀-၂၁)

ပြီး တော့ တိ ရစ္ဆာန် တွေ ကို မြေ ကြီး က နေ တစ် ဆင့် ဖြစ် ပေါ် စေ ခဲ့ တယ်။

“တ ဖန် ဘု ရား သ ခင် က၊ မြေ သည် အ သက် ရှင် သော သတ္တ ဝါ မျိုး တည်း ဟူ သော သား ယဉ် တို့ ကို ၎င်း၊ တွား တတ် သော တိ ရစ္ဆာန် တို့ ကို ၎င်း၊ သား ရဲ မျိုး တို့ ကို ၎င်း၊ မွေး ဘွား စေ ဟု အ မိန့် တော် ရှိ သည် အ တိုင်း ဖြစ် လေ ၏။ ထို သို့ ဘု ရား သ ခင် သည် သား ရဲ မျိုး၊ သား ယဉ် မျိုး၊ မြေ ပေါ် မှာ တွား တတ် သော တိ ရစ္ဆာန် မျိုး အ ပေါင်း တို့ ကို ဖန် ဆင်း ၍၊ ထို အ မှု အ ရာ ကောင်း သည် ကို မြင် တော် မူ ၏။” (က ၁:၂၄-၂၅)

ပြီး တော့ လူ ယောက်ျား ကို မြေ မှုန့် က နေ ဖန် ဆင်း ခဲ့ တယ်။

“တ ဖန် ဘု ရား သ ခင် က၊ ငါ တို့ ပုံ သဏ္ဌာန် နှင့် တ ညီ တ သဏ္ဌာန် တည်း လူ ကို ဖန် ဆင်း ကြ စို့။ သူ သည် ပင် လယ် ငါး တို့ ကို ၎င်း၊ မိုဃ်း ကောင်း ကင် ငှက် တို့ ကို ၎င်း၊ သား ယဉ် တို့ ကို ၎င်း၊ မြေ တ ပြင် လုံး နှင့် တ ကွ၊ မြေ ပေါ် မှာ တွား တတ် သော တိ ရစ္ဆာန် အ ပေါင်း တို့ ကို ၎င်း၊ အုပ် စိုး စေ ဟု အ မိန့် တော် ရှိ ၏။ ထို သို့ ဘု ရား သ ခင် သည် မိ မိ ပုံ သဏ္ဌာန် နှင့် အ ညီ လူ ကို ဖန် ဆင်း တော် မူ ၏။” (က ၁:၂၆-၂၇)

“ထို နောက်၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍၊ သူ ၏ နှာ ခေါင်း ထဲ သို့ ဇီ ဝ အ သက် ကို မှုတ် တော် မူ လျှင်၊ လူ သည် အ သက် ရှင် သော သတ္တ ဝါ ဖြစ် လေ ၏။” (က ၂:၇)

နောက် ဆုံး ကျ မှ လူ မိန်း မ ကို လူ ယောက်ျား ရဲ့ နံ ရိုး က နေ ဖန် ဆင်း ခဲ့ တယ်။

“ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် လူ ထဲ က ထုတ် သော နံ ရိုး ဖြင့် လူ မိန်း မ ကို ဖန် ဆင်း ၍ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။ လူ က လည်း၊ ယ ခု ဤ သူ သည် ငါ့ အ ရိုး ထဲ က အ ရိုး၊ ငါ့ အ သား ထဲ က အ သား ဖြစ် ၏။ လူ ထဲ က ထုတ် သော ကြောင့် သူ့ ကို လူ မိန်း မ ဟု ခေါ် ဝေါ် အပ် သည် ဟု ဆို လေ ၏။” (က ၂:၂၂)

ဘု ရား သ ခင် ဟာ လူ မိန်း မ ကို ဖန် ဆင်း တဲ့ အ ခါ မှာ မြေ မှုန့် ကို မ သုံး ဘဲ လူ ယောက်ျား ရဲ့ နံ ရိုး ကို ယူ ပြီး ထူး ခြား စွာ ဖန် ဆင်း တာ တွေ့ ရ တယ်

လူ မိန်း မ ကို ထူး ခြား စွာ ဖန် ဆင်း ရ ခြင်း အ ကြောင်း”

ဘု ရား သ ခင် ဟာ လူ ယောက်ျား ကို ဖန် ဆင်း ပြီး တော့ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် ရှောက် ဖို့ အ လုပ် ပေး ခဲ့ တယ်။ အဲ ဒီ အ လုပ် အ တူ လိုက် နာ ရ မဲ့ စည်း ချက် ချက် တစ် ခု ကို လည်း ပေး ခဲ့ တယ်။

“ထို အ ခါ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် လူ ကို ယူ ၍ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် နေ စေ ခြင်း ငှါ ထား တော် မူ ၏။ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် က လည်း၊ ကောင်း မ ကောင်း ကို သိ ကျွမ်း ရာ အ ပင် မှ တ ပါး၊ ထို ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင် တို့ ၏ အ သီး ကို သင် သည် စား ရ သော အ ခွင့် ရှိ ၏။ ထို အ ပင် ၏ အ သီး ကို ကား မ စား ရ။ စား သော နေ့ တွင် ဧ ကန် အ မှန် သေ ရ မည် ဟု လူ ကို ပ ညတ် ထား တော် မူ ၏။” (က ၂:၁၅-၁၇)

အဲ ဒါ ပြီး တော့ မှ လူ ယောက်ျား ကို အ ထောက် အ မ ပြု ဖို့ လူ မိန်း မ ကို ဘု ရား သ ခင် က ဖန် ဆင်း ခဲ့ တယ်။

“ထာ ဝ ရ အ ရှင် ဘု ရား သ ခင် က လည်း၊ ယောက်ျား သည် တ ယောက် တည်း မ နေ ကောင်း၊ သူ နှင့် တော် သော အ ထောက် အ မ ကို သူ့ ဘို့ ငါ လုပ် ဦး မည် ဟု အ ကြံ ရှိ တော် မူ ၏။ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ တိ ရစ္ဆာန် တို့ နှင့်၊ မိုဃ်း ကောင်း ကင် ငှက် အ ပေါင်း တို့ ကို မြေ ဖြင့် ဖန် ဆင်း တော် မူ ပြီး လျှင်၊ လူ သည် အ ဘယ် သို့ ခေါ် ဝေါ် သ မုတ် မည် ကို သိ ခြင်း ငှါ၊ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။ လူ သည် လည်း အ သက် ရှင် သော သတ္တ ဝါ အ ပေါင်း တို့ ကို ခေါ် ဝေါ် သ မုတ် သည် အ တိုင်း၊ နာ မည် အ သီး အ သီး ရှိ ကြ ၏။ ထို သို့ လူ သည် သား ယဉ် အ ပေါင်း တို့ ကို ၎င်း၊ မိုဃ်း ကောင်း ကင် ငှက် အ ပေါင်း တို့ ကို ၎င်း၊ သား ရဲ အ ပေါင်း တို့ ကို ၎င်း၊ အ မည် ပေး ၍ မှည့် လေ ၏။ သို့ သော် လည်း လူ နှင့် တော် သော အ ထောက် အ မ မ ပေါ် မ ရှိ သေး။ ထို အ ခါ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် လူ ကို ကြီး သော အိပ် ခြင်း ဖြင့် အိပ် စေ တော် မူ ၍၊ လူ သည် အိပ် ပျော် စဉ်၊ နံ ရိုး တ ချောင်း ကို ဘု ရား သ ခင် ထုတ် ပြီး လျှင်၊ ထို အ ရိုး အ စား အ သား ကို စေ့ စပ် စေ တော် မူ ၏။ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် လူ ထဲ က ထုတ် သော နံ ရိုး ဖြင့် လူ မိန်း မ ကို ဖန် ဆင်း ၍ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။ လူ က လည်း၊ ယ ခု ဤ သူ သည် ငါ့ အ ရိုး ထဲ က အ ရိုး၊ ငါ့ အ သား ထဲ က အ သား ဖြစ် ၏။ လူ ထဲ က ထုတ် သော ကြောင့် သူ့ ကို လူ မိန်း မ ဟု ခေါ် ဝေါ် အပ် သည် ဟု ဆို လေ ၏။ (က ၂:၁၈-၂၃)

ဒီ ကျမ်း ချက် အ ရ လူ ယောက်ျား ဟာ ဘု ရား သ ခင် ပေး ထား တဲ့ အ လုပ် ကို ကျေ ပွန် အောင် လုပ် ဆောင် ဖို့ နဲ့ အ တူ သတ် မှတ် ထား တဲ့ စည်း ကမ်း ကို လည်း မ ဖောက် ဖျက် မိ ဖို့ အ တွက် သူ တစ် ယောက် တည်း မ တတ် နိုင် ဘူး ဆို တာ တွေ့ ရ တယ်။ တစ် နည်း အား ဖြင့် လူ ယောက်ျား မှာ လို အပ် ချက် အား နည်း ချက် တွေ ရှိ ကြောင်း သိ သာ တယ်။ ဒါ ကြောင့် သူ့ ကို မ လဲ ပြို အောင် အ ထောက် အ မ ပေး ဖို့ အ တွက် လူ မိန်း မ ကို ဘု ရား သ ခင် က ဖန် ဆင်း ရ ခြင်း ဖြစ် တယ်။

ဒီ ကျမ်း ချက် တွေ ကို ကြည့် ပြီး လူ မိန်း မ ကို ဖန် ဆင်း တဲ့ အ ခါ မှာ ထူး ခြား ချက် နှစ် ခု ရှိ တာ ကျွန် တော် သ တိ ထား မိ တယ်။

ပ ထ မ ထူး ခြား ချက် က တော့ လူ ယောက်ျား ကို အ ထောက် အ မ ပြု ဖို့၊ သူ့ ရဲ့ အား နည်း ချက် တွေ ကို ဖြည့် ဆည်း ပေး ဖို့ လူ မိန်း မ ကို ဖန် ဆင်း ထား ခြင်း ဖြစ် တယ်။ အဲ ဒါ ကြောင့် လူ မိန်း မ ဟာ လူ ယောက်ျား မှာ မ ရှိ တဲ့ အ ရည် အ ချင်း တွေ နဲ့ ပြည့် စုံ တယ် လို့ ကျွန် တော် တို့ ဆို နိုင် တယ်။

ဒု တိ ယ ထူး ခြား ချက် က တော့ လူ ယောက်ျား နဲ့ လူ မိန်း မ ကို ဖန် ဆင်း တဲ့ အ ခါ မှာ ဘု ရား သ ခင် အ သုံး ပြု တဲ့ အ ခြေ ခံ ပစ္စည်း ခြင်း မ တူ တာ တွေ့ တယ်။ ယောက်ျား ကို ဖန် ဆင်း တုန်း က သုံး တဲ့ အ ခြေ ခံ ပစ္စည်း ဟာ တော ရိုင်း တိ ရစ္ဆာန် တွေ ကို ဖန် ဆင်း တဲ့ အ ခါ မှာ သုံး တဲ့ အ ခြေ ခံ ပစ္စည်း နဲ့ အ တူ တူ ဘဲ။ အား လုံး ကို မြေ မှုန့် က နေ ဖန် ဆင်း ခဲ့ တာ ဖြစ် တယ်။ တစ် နည်း အား ဖြင့် ယောက်ျား ဟာ ဘု ရား သ ခင် နဲ့ တစ် ညီ တစ် သဏ္ဌာန် တည်း ဖြစ် တာ က လွဲ ရင် ကျန် တဲ့ နေ ရာ မှာ တိ ရစ္ဆာန် သာ သာ ဘဲ ရှိ တယ် လို့ ပြော ရ မ လား မ သိ ဘူး။ မိန်း မ ကို ကျ တော့ ကုန် ကြမ်း ဖြစ် တဲ့ ‌မြေ မှုန့် ကို မ သုံး ဘဲ ကုန် ချော ဖြစ် ပြီး သား လူ ယောက်ျား ရဲ့ နံ ရိုး ကို မှ သုံး ပြီး ဖန် ဆင်း တဲ့ အ တွက် ဘု ရား သ ခင် ဟာ လူ မိန်း မ ကို လူ ယောကျ်ား ထက် ပို ကောင်း အောင် ဖန် ဆင်း ခဲ့ တယ် လို့ ကျွန် တော် ဆို ချင် တယ်။

ဒါ ဟာ လည်း ပ ထ မ ထူး ခြား ချက် ဖြစ် တဲ့ လူ ယောက်ျား မှာ မ ရှိ တဲ့ အ ရည် အ ချင်း တွေ လူ မိန်း မ မှာ ရှိ လာ ဖို့ အ တွက် ဖြစ် နိုင် ပါ တယ်။ ဘု ရား သ ခင် ဟာ ဘာ ကို မှ အ ဓိပ္ပါယ် မဲ့ မ လုပ် တတ် ဘူး လို့ ကျွန် တော် ယုံ တယ်။ နောက် တစ် ချက် က တော့ လူ မိန်း မ ကို လူ ယောက်ျား ရဲ့ နံ ရိုး က နေ တစ် ဆင့် ဖန် ဆင်း ခြင်း ဟာ ယောက်ျား နဲ့ မိန်း မ အိမ် ထောင် ကျ ရင် တစ် သား တစ် ကိုယ် တည်း ဖြစ် သွား ဖို့ အ တွက် လည်း ဖြစ် ပါ လိမ့် မယ်။

လူ ယောက်ျား နှင့် လူ မိန်း မ တို့ ၏ မ တူ ညီ သော အ ရည် အ ချင်း”

ဆို တော့ ကာ ဘု ရား သ ခင် က လူ မိန်း မ ကို ဘာ ကြောင့် ဒီ လို ထူး ခြား စွာ ဖန် ဆင်း ရ တာ လဲ။ လူ မိန်း မ ကို လူ ယောက်ျား လို ဘဲ မြေ မှုန့် က နေ ဖန် ဆင်း လို့ ရ တာ ဘဲ။ ဘု ရား သ ခင် အ တွက် ဘာ မှ ခဲ ယဉ်း မှာ မ ဟုတ် ဘူး။ အ ခု တော့ မိန်း မ ကို ယောက်ျား လို မ ဟုတ် ဘဲ တ ကူး တ က ထူး ထူး ခြား ခြား ဖန် ဆင်း ခဲ့ တယ်။ ဘု ရား သ ခင် ဒီ လို လုပ် ရ ခြင်း ရဲ့ အ ကြောင်း ရင်း ဟာ ဘာ များ ဖြစ် မ လဲ။

ကျွန် တော် တစ် ရေး နိုး စဉ်း စား ဆင် ခြင် မိ သ လောက် ပြော ရ ရင် ဧ ဒင် ဥ ယျာဉ် မှာ လူ ယောက်ျား အာ ဒံ နဲ့ လူ မိန်း မ ဧ ဝ တို့ ကို ဘု ရား သ ခင် ပေး ထား တဲ့ အ လုပ် တာ ဝန် ချင်း မ တူ လို့ ဘဲ ဖြစ် ပါ လိမ့် မယ်။ အာ ဒံ ကို ဧ ဒင် ဥ ယျာဉ် ပြု စု စောင့် ရှောက် ဖို့ တာ ဝန် ပေး ထား ပြီး ဧ ဝ ကို ကျ တော့ အာ ဒံ ကို ထောက် မ ဖို့ တာ ဝန် ပေး ထား တယ်။ ဘု ရား သ ခင် ဟာ တစ် ယောက် ယောက် ကို အ လုပ် တာ ဝန် တစ် ခု ခု ပေး ပြီး ရင် အဲ ဒီ လူ ကို သူ ပေး ထား တဲ့ တာ ဝန် တွေ ကျေ ပွန် အောင် ထမ်း ဆောင် နိုင် ဖို့ လို အပ် တဲ့ အ ရည် အ ချင်း မှန် သ မျှ ကို လည်း ပေး မယ် လို့ ကျွန် တော် ယုံ ကြည် တယ်။ ဒါ ကြောင့် ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ တို့ ကို သူ တို့ ရဲ့ ကိုယ် စီ တာ ဝန် တွေ နဲ့ ဆီ လျော် အောင် မ တူ ညိ တဲ့ အ ရည် အ ချင်း တွေ နဲ့ ဖန် ဆင်း ခဲ့ ခြင်း ဖြစ် တယ် လို့ ကျွန် တော် ထင် ပါ တယ်။

ဒါ ကြောင့် ဘု ရား သ ခင် ဟာ အာ ဒံ ကို ပင် မ အ လုပ် ဖြစ် တဲ့ ဧ ဒင် ဥ ယျာဉ် ကို ပြု စု ဖို့ အ တွက် လို အပ် တဲ့ အ ရည် အ ချင်း ကို ပေး ထား ပြီး၊ ဧ ဝ ကို တော့ အာ ဒံ ကို ထောက် မ တဲ့ အ လုပ် အ တွက် လို အပ် တဲ့ အ ရည် အ ချင်း တွေ ပေး ထား လိမ့် မယ်။ ခြုံ ပြီး ပြော ရ ရင် အာ ဒံ နဲ့ ဧ ဝ တို့ ဟာ လူ ချင်း တူ ပေ မဲ့ အ ရည် အ သွေး ခြင်း မ တူ ဘူး။

“ပင် မ အ လုပ် နှင့် အ ထောက် အ ကူ အ လုပ် တို့ ၏ အ ရည် အ ချင်း ကွာ ခြား ပုံ”

ဒီ တော့ ကာ ပင် မ အ လုပ် အ တွက် အာ ဒံ ရဲ့ အ ရည် အ ချင်း နဲ့ အ ထောက် အ ကူ အ လုပ် အ တွက် ဧ ဝ ရဲ့ အ ရည် အ ချင်း ကွာ ခြား ပုံ ကို ဆက် ဆင် ခြင် ကြည့် ရ အောင်။ သူ တို့ နှစ် ဦး ရဲ့ အ ရည် အ ချင်း ကွဲ ပြား ပုံ ကို ကွဲ ကွဲ ပြား ပြား သိ နိုင် ဖို့ အ တွက် စစ် ပွဲ ဝင် နေ တဲ့ စစ် တပ် တစ် တပ် နဲ့ ကျွန် တော် ဥ ပ မာ ပေး ပြီး ရှင်း ပြ ချင် ပါ တယ်။

စစ် ပွဲ ဆင် နွှဲ နေ တဲ့ စစ် တပ် တစ် တပ် ရဲ့ အ ဓိ က ပင် မ ရည် မှန်း ချက် ဟာ ရန် သူ့ စစ် တပ် ကို ချေ မှုန်း ပြီး ရန် သူ့ နယ် မြေ ကို သိမ်း ပိုက် ဖို့ ဖြစ် ပါ တယ်။ စစ် တပ် မှာ ခြေ လျင် တပ်၊ ရေ တပ်၊ လေ တပ်၊ အ မြောက် တပ်၊ ‌အင် ဂျင် နီ ယာ တပ်၊ ဆေး တပ် စ သ ဖြင့် တပ် ဖွဲ့ မျိုး စုံ ရှိ ပေ မဲ့ ဒီ လို ရန် သူ့ နယ် မြေ သိမ်း ပိုက် တဲ့ အ လုပ် ကို ခြေ လျင် တပ် တွေ က ဘဲ လုပ် ဆောင် ရ ပါ တယ်။ ဒါ ပေ မဲ့ ခြေ လျင် တပ် တစ် ခု တည်း နဲ့ ရန် သူ့ နယ် မြေ ကို သိမ်း ပိုက် ဖို့ မ ဖြစ် နိုင် ဘူး။ ရေ တပ်၊ လေ တပ်၊ အ မြောက် တပ် စ တာ တွေ က ပစ် ကူ ပေး ရ တယ်။ ဒဏ် ရာ ရ တဲ့ သူ တွေ ကို ဆေး တပ် က ကု သ ပေး ရ တယ်။ အင် ဂျင် နီ ယာ တပ် က မိုင်း ရှင်း လမ်း ထွင် ပေး ရ တယ်။ လေ့ ကျင့် ရေး တပ် တွေ က ကျ ဆုံး သွား တဲ့ စစ် သား တွေ နေ ရာ မှာ အ စား ထိုး ဖို့ တပ် သား သစ် တွေ စု ဆောင်း လေ့ ကျင့် ပေး ရ တယ်။ အဲ သ လို ခြေ လျင် တပ် ရဲ့ လို အပ် ချက် ကို ကျန် တပ် တွေ က ဖြည့် ဆည်း ပေး ပြီး အား လုံး စု ပေါင်း ညီ ညာ လုပ် ဆောင် မှ ရန် သူ့ နယ် မြေ ကို သိမ်း ပိုက် ခြင်း ဆို တဲ့ ရည် မှန်း ချက် ပြီး မြောက် မှာ ဖြစ် တယ်။

ဒါ ကြောင့် စစ် တပ် မှာ ခြေ လျင် တပ် ရဲ့ အ လုပ် ကို အ ဓိ က ပင် မ အ လုပ် လို့ တင် စား နိုင် ပြီး တစ် ခြား တပ် ဖွဲ့ တွေ ရဲ့ အ လုပ် ကို အ ထောက် အ မ အ လုပ် လို့ တင် စား နိုင် ပါ တယ်။ ဒီ တော့ ကာ ခြေ လျင် တပ် နဲ့ တစ် ခြား တပ် ဖွဲ့ တွေ ရဲ့ အ ရည် အ ချင်း လို အပ် ချက် ကို နှိုင်း ယှဉ် ကြည့် ရ အောင်။

ခြေ လျင် တပ် သား တစ် ယောက် ဖြစ် ဖို့ ဟာ သိပ် မ ခဲ ယဉ်း ဘူး လို့ ကျွန် တော် ထင် ပါ တယ်။ ၄ တန်း အောင် ပြီး ကျန်း မာ ရေး ပြည့် စုံ တယ်၊ ‌သေ နပ် ခ လုပ် ဆွဲ နိုင် တယ်၊ တိုက် ရဲ သေ ရဲ တယ် ဆို ရင် ခြေ လျင် စစ် သား ဖြစ် နိုင် ပါ တယ်။ သို့ သော် လေ တပ်၊ ရေ တပ်၊ အင် ဂျင် နီ ယာ တပ်၊ ဆေး တပ်၊ လေ့ ကျင့် ရေး တပ် စ တာ တွေ အ တွက် အဲ သ လောက် အ ရည် အ ချင်း နဲ့ မ ရ ဘူး။ ဘွဲ့ ရ ပြီး အ ဆင့် မြင့် ပ ညာ မျိုး စုံ တတ် ကျွမ်း ရ တယ်။ ခြေ လျင် တပ် ရဲ့ အ ရည် အ ချင်း လို အပ် ချက် နဲ့ အ ထောက် အ ကူ တပ် တွေ ရဲ့ အ ရည် အ ချင်း လို အပ် ချက် ဟာ အ များ ကြီး ကွာ တယ်။

ဒီ နေ ရာ မှာ သ တိ ပြု ဖို့ ဟာ က ခြေ လျင် တပ် တွေ ရဲ့ ပ ညာ အ ဆင့် တန်း သိပ် မ မြင့် ပေ မဲ့ သေ နင်္ဂ ဗျူ ဟာ စစ် ပ ညာ ကို နက် နက် ရှိုင်း ရှိုင်း သိ နား လည် ဖို့ လို တယ်။ အဲ သ လို နား လည် မှ လည်း အ ကူ တပ် ဖွဲ့ တွေ ကို လို အပ် တဲ့ နေ ရာ မှာ ထောက် ကူ ဖို့ ညွှန် ကြား နိုင် မှာ ဖြစ် တယ်။ အ ထောက် အ ကူ တပ် တွေ ဟာ ခြေ လျင် တပ် ညွှန် ကြား တဲ့ အ တိုင်း လိုက် နာ ရုံ ဘဲ။ တစ် နည်း အား ဖြင့် ပြော ရင် ခြေ လျင် တပ် ဟာ အ တန်း ပ ညာ အ ဆင့် အ မြင့် ပေ မဲ့ စစ် ပ ညာ နက် ရှိုင်း တယ်။ အ ကူ တပ် တွေ ဟာ ပ ညာ အ ဆင့် မြင့် ပေ မဲ့ ခြေ လျင် တပ် လောက် စစ် ပ ညာ နက် ရှိုင်း စ ရာ မ လို ဘူး။

ဒီ စစ် တပ် ရဲ့ ပုံ ပ မာ အ ရ လူ ယောက်ျား အာ ဒံ ကို ခြေ လျင် စစ် သား လို့ ယူ ဆ နိုင် ပြီး၊ လူ မိန်း မ ဧ ဝ ကို ရေ တပ်၊ လေ တပ်၊ အင် ဂျင် နီ ယာ တပ်၊ ဆေး တပ်၊ အ မြောက် တပ် စ သ ဖြင့် တပ် ပေါင်း စုံ ပါ ဝင် တဲ့ အ ထောက် အ ကူ တပ် ကြီး လို့ ကျွန် တော် တင် စား ချင် ပါ တယ်။ ဒာာ ဒံ ဟာ သူ့ ရဲ့ ပင် မ အ လုပ် ဖြစ် တဲ့ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် ရှောက် ဖို့ အ တွက် အ ခြေ ခံ ပ ညာ လောက် နဲ့ ရ ပေ မဲ့၊ ဧ ဝ ဟာ အာ ဒံ ကို ထောက် ကူ ဖို့ အ တွက် အ ဆင့် မြင့် ပ ညာ မျိုး စုံ ကို တတ် ကျွမ်း ထား ဖို့ လို အပ် ပါ တယ်။ အာ ဒံ ရဲ့ အ သိ ပ ညာ ဟာ ဘောင် ကျဉ်း ပေ မဲ့ နက် ရှိုင်း တယ်။ ဧ ဝ ဟာ အ များ ကြီး ကို ကျယ် ကျယ် ပြန့် ပြန့် သိ ပေ မဲ့ သူ့ အ သိ ဟာ အာ ဒံ လောက် မ နက် ရှိုင်း ဘူး။

ဘု ရား သ ခင် ဟာ ဒီ ပုံ ဥ မာ အ တိုင်း အာ ဒံ နဲ့ ဧ ဝ တို့ ကို သူ တို့ ရဲ့ ကိုယ် စီ တာ ဝန် နဲ့ ကိုက် ညီ တဲ့ ကိုယ် စီ အ ရည် အ ချင်း တွေ နဲ့ ဖန် ဆင်း ထား ခြင်း ဖြစ် တယ် လို့ ကျွန် တော် ထင် ပါ တယ်။ ဒါ ကြောင့် အာ ဒံ ကို တိ ရစ္ဆာန် တွေ လို ဘဲ သာ မန် မြေ ကြီး က နေ ဖန် ဆင်း ခဲ့ ပေ မဲ့ ဧ ဝ ကို ကျ တော့ ပို ပြီး အ ဆင့် မြင့် အောင် လူ ဖြစ် ပြီး သား အာ ဒံ ရဲ့ နံ ရိုး ကို ယူ ပြီး ဖန် ဆင်း ခဲ့ ခြင်း ဖြစ် တယ် လို့ ကျွန် တော် ဆို ချင် ပါ တယ်။

“အာ ဒံ ၏ အ လုပ် တာ ဝန် နှင့် အ ရည် အ ချင်း”

ပြော ရ ရင် ဧ ဒင် ဥ ယျာဉ် ကို စောင့် ရှောက် ဖို့ ဆို တဲ့ အာ ဒံ ရ ထား တဲ့ အ လုပ် ဟာ လူ့ သ မိုင်း တစ် လျှောက် လုံး မှာ အ လွယ် ဆုံး နဲ့ အ ကောင်း ဆုံး အ လုပ် လို့ ခေါ် ရ မ လား မ သိ ဘူး။ ဘု ရား သ ခင် စိုက် ထား တဲ့ ဥ ယျာဉ် ဆို တော့ လို လေ သေး မ ရှိ အား လုံး ပြည့် စုံ နေ လိမ့် မယ်။ မ ကောင်း တာ ဘာ မှ ရှိ မှာ မ ဟုတ် ဘူး။ အ ပင် တွေ ကို ဖျက် ဆီး မဲ့ ပိုး မွှား လဲ ရှိ မှာ မ ဟုတ် တဲ့ အ တွက် ပိုး သတ် စ ရာ လည်း မ လို ဘူး။ ဆူး ပင်၊ ပေါင်း ပင် တွေ ရှိ မှာ မ ဟုတ် တဲ့ အ တွက် အဲ ဒါ တွေ ကို ရှင်း စ ရာ လည်း မ လို ဘူး။ မြေ တစ် ပြင် လုံး ရေ စို ပြီး သား ဖြစ် တဲ့ အ တွက် အ ပင် တွေ ကို ရေ လောင်း စ ရာ လည်း မ လို ဘူး လေ။ လေ ပြင်း တိုက် တာ တို့၊ တော မီး လောင် တာ တို့ ရေ ကြီး တာ တို့ လည်း မ ရှိ တော့ ဘာ မှ စိုး ရိမ် စ ရာ မ ရှိ ဘူး။ တိ ရစ္ဆာန် တွေ၊ ငှက် တွေ အား လုံး ဟာ လည်း သူ့ အ မိန့် ကို နာ ခံ ရ တော့ ဘာ အ ကောင် ကို မှ ကြောက် စ ရာ မ ရှိ ဘူး။ ခြံ စည်း ရိုး ခတ် စ ရာ မ လို ဘူး။ သူ သွား ချင် လာ ချင် တဲ့ နေ ရာ မှန် သ မျှ ကို ဆင် စီး သွား မ လား၊ ဒိုင် နို ဆော စီး သွား မ လား၊ ကြိုက် တဲ့ အ ကောင် ကို ခေါ် ပြီး စီး သွား လို့ ရ တယ်။

ဒါ့ ကြောင့် ဘု ရား သ ခင် အာ ဒံ ကို ဒီ အင် မ တန် လွယ် တဲ့ တစ် ခု တည်း သော အ လုပ် ကို စူး စိုက် လုပ် ဆောင် နိုင် ဖို့ အ တွက် ဘဲ ခြေ လျင် စစ် သား လို အပ် သ လောက် ကိုယ် စွမ်း ဉာဏ် စွမ်း လေး ပေး ထား တယ် လို့ ကျွန် တော် သုံး သပ် မိ တယ်။

ဘု ရား သ ခင် က အာ ဒံ ကို ပေး ထား တဲ့ အ လုပ် ထဲ မှာ ခက် ခဲ တဲ့ အ လုပ် တစ် ခု ဘဲ ရှိ တယ် လို့ ကျွန် တော် ထင် ပါ တယ်။ အ မှန် တော့ ခက် ခဲ တယ် ဆို တာ ထက် အ ရေး ကြီး တယ် ပြော ရင် ပို မှန် ပါ လိမ့် မယ်။ အဲ ဒါ က တော့ ဥ ယျာဉ် အ လယ် မှာ ရှိ တဲ့ ကောင်း မ ကောင်း သိ ကျွမ်း ရာ အ ပင် က အ သီး ကို မ စား ဖို့ ဆို တဲ့ စည်း ကမ်း ကို စောင့် ထိန်း တဲ့ အ လုပ် ဖြစ် ပါ တယ်။ သူ ကိုယ် တိုင် သာ မ က သူ့ ဇ နီး သည် ဧ ဝ ကို လည်း မ စား စေ ရ ဘူး။ ဒီ စည်း ကမ်း ချက် ကို လိုက် နာ ဖို့ အ လုပ် ဟာ သူ့ အ တွက် မ ခက် ပေ မဲ့ အ ရေး အ ကြီး ဆုံး အ လုပ် ဖြစ် ပါ လိမ့် မယ်။

“ဧ ဝ ၏ အ လုပ် တာ ဝန် နှင့် အ ရည် အ ချင်း”

ဧ ဝ ရဲ့ အ ထောက် အ မ တာ ဝန် ကျ တော့ သာ မာန် အား ဖြင့် ကြည့် မယ် ဆို ရင် ခက် ခဲ တယ် လို့ မ ထင် ရ ဘူး။ ဧ ဝ ရဲ့ အ လုပ် ဟာ ဒီ ခေတ် အိမ် ရှင် မ တွေ ရဲ့ အ လုပ် နဲ့ ယှဉ် ကြည့် ရင် တော့ တစ် ခြား စီ ပါ ဘဲ။ ဧ ဒင် ဥ ယျာဉ် ရဲ့ အိမ် ရှင် မ ဧ ဝ က တော့ မီး ဖို ချောင် ဝင် ပြီး ထ မင်း ဟင်း ချက် စ ရာ မ လို ဘူး။ ဗိုက် ဆာ ရင် ဥ ယျာဉ် ထဲ က အ ရ သာ ရှိ တဲ့ အ သီး မျိုး စုံ ကို ကြိုက် တဲ့ အ ချိန် မှာ ကြိုက် သ လို စား လို့ ရ တယ် လေ။ အိုး ခွက် ပန်း ကန် ဆေး စ ရာ လည်း မ လို ဘူး။ တံ မြက် စည်း လှည်း ဖို့ သန့် ရှင်း ရေး လုပ် ဖို့ လည်း မ လို ဘူး။ အိမ် မှ မ ရှိ ဘဲ ဟာ။ အဲ ဒီ တုန်း က မိုး လည်း မ မ ရွာ သေး တော့ သူ တို့ လင် မ ယား ကြိုက် တဲ့ နေ ရာ မှာ ကြိုက် တဲ့ အ ချိန် လှဲ အိပ် လို့ ရ တယ်။ ဂျ ပိုး၊ ခြင်၊ ယင်၊ မှက်၊ ဘာ ပိုး ကောင်၊ မွှား ကောင် မှ လည်း မ ရှိ ဘူး။ ပြီး တော့ အ ဝတ် လျှော် စ ရာ လည်း မ လို ဘူး။ သူ တို့ နှစ် ယောက် စ လုံး ကိုယ် တုံး လုံး လေး တွေ နဲ့ အ ဝတ် မှ မ ဝတ် တာ။

အဲ သ လို ဧ ဝ ရဲ့ အ ထောက် အ ကူ အ လုပ် ဟာ အင် မ တန် သက် သာ တဲ့ အ လုပ် လို့ ထင် ရ ပေ မဲ့ သေ သေ ချာ ချာ သုံး သပ် ကြည့် ရင် အာ ဒံ ထက် အ များ ကြီး ပို ဦး နှောက် စား ရ တယ် ဆို တာ သိ နိုင် တယ်။ ဧ ဝ ရဲ့ အ ထောက် အ မ အ လုပ် ထဲ မှာ အ ခက် ခဲ ဆုံး နဲ့ တာ ဝန် အ ကြီး ဆုံး က တော့ ကောင်း မ ကောင်း သိ ကျွမ်း ရာ အ ပင် က အ သီး ကို အာ ဒံ မ စား မိ အောင်၊ ဘု ရား သ ခင် ချ မှတ် ထား တဲ့ တစ် ခု တည်း သော စည်း ကမ်း ချက် ကို အာ ဒံ အ ပြည့် အ ဝ လိုက် နာ အောင် အ ထောက် အ ကူ ပြု ဖို့ ဖြစ် ပါ လိမ့် မယ်။

ဒီ လို အာ ဒံ ကို အ ထောက် အ ကူ ပြု တဲ့ အ ခါ မှာ ဘယ် လို ပုံ စံ မျိုး ထောက် မ ရ မှာ လဲ၊ ဘယ် နေ ရာ မျိုး မှာ ထောက် မ ရ မှာ လဲ၊ အာ ဒံ ဘယ် ဘက် ကို ခြေ လှမ်း ယိုင် သွား နိုင် မ လဲ၊ ဘယ် လို ကိစ္စ မျိုး မှာ မှား သွား နိုင် မ လဲ စ သည် ဖြင့် သ တိ ပြု စ ရာ စဉ်း စား စ ရာ တွေ အ များ ကြီး ရှိ တယ်။ ဒါ ကြောင့် ဘု ရား သ ခင် က ဧ ဝ ကို အဲ သ လို မျိုး ကိစ္စ အ များ ကြီး ကို ကျယ် ကျယ် ပြန့် ပြန့် စဉ်း စား လုပ် ဆောင် နိုင် စွမ်း ပေး ထား ပါ လိမ့် မယ်။ သ တိ ထား စ ရာ တွေ ဟာ တစ် ခု ချင်း ဖြစ် ပွား နိုင် သ လို နှစ် ခု သုံး ခု တစ် ပြိုင် နက် လဲ ဖြစ် နိုင် တယ်။ ဒါ ကြောင့် ဘု ရား သ ခင် က ဧ ဝ ကို ကိစ္စ အ များ ကြီး တစ် ပြိုင် နက် ထဲ လုပ် ဆောင် နိုင် စွမ်း multi-tasking အ ရည် အ ချင်း ကို လည်း ပေး ထား ပါ လိမ့် မယ်။

(ဒီ နေ ရာ မှာ စ ကား ချပ် အ နေ နဲ့ စာ ဖတ် သူ တွေ ကို Mark Gungor ရဲ့ “A tale of Two Brains” လို့ ခေါ် တဲ့ YouTube ဗီ ဒီ ယို ဟောင်း တစ် ခု ကို ကြည့် ဖို့ တိုက် တွန်း လို ပါ တယ်။ ယောက်ျား တွေ ရဲ့ အ လုပ် တစ် တည်း ကို စူး စိုက် လုပ် ဆောင် နိုင် စွမ်း နဲ့ မိန်း မ တွေ ရဲ့ အ လုပ် အ များ ကြီး ကို တစ် ပြိုင် နက် လုပ် ဆောင် စွမ်း ဆို တဲ့ အ ကြောင်း အ ရာ ကို အဲ ဒီ ဗီ ဒီ ယို ထဲ က နေ ကျွန် တော် သိ လာ တာ ဖြစ် ပါ တယ်။ ဒီ ဗီ ဒီ ယို ကြည့် ပြီး တော့ မှ ကျွန် တော့် ဇ နီး သည် ရဲ့ multi-tasking အ စွမ်း ကို ကျွန် တော် ပြန် သ တိ ထား မိ တယ်။ ကျွန် တော် တို့ ရန် ကုန် တိုက် ခန်း မှာ နေ တုန်း က ည ဖက် ကျ ရင် ဧည့် ခန်း ထဲ က TV ရှေ့ မှာ မိ သား စု စုံ ‌လေ့ ရှိ တယ်။ အဲ ဒီ မှာ ကျွန် တော့် ဇ နီး သည် ဟာ TV ကြည့် ရင်း၊ မီး ပူ တိုက် ရင်း၊ မီး ဖို ချောင် မှာ လည်း ဟင်း အိုး နွှေး ထား တယ်။ ကျွန် တော့် ကို လည်း စ ကား ပြော ချင် ရင် ပြော တယ်။ ဒီ အ လုပ် တွေ အား လုံး ကို အ မှား အ ယွင်း မ ရှိ လုပ် နိုင် တယ်။ အဲ ဒီ တုန်း က တော့ ကျွန် တော် ဘာ မှ သ တိ မ ထား မိ ဘူး။ အ ခု ကျ မှ သူ့ ကို ဘု ရား သ ခင် ပေး ထား တဲ့ စွမ်း ရည် တွေ ကို ကျွန် တော် သိ လာ တော့ ကျေး ဇူး တော် ချီး မွမ်း စ ရာ ဖြစ် လာ တယ်။ ကျွန် တော် ဆို ရင် ကျွန် တော့် ဇ နီး သည် လို အ လုပ် ၄ မျိုး မ ပြော နဲ့ ၂ ခု ကို တောင် မှ တစ် ပြိုင် နက် မ လုပ် နိုင် ဘူး။ ဟင်း အိုး တည် ရင်း တစ် ခု ခု လုပ် ရင် ဟင်း အိုး အ မြဲ တမ်း တူး တယ်။)

“ဧ ဒင် ဥ ယျာဉ် ထဲ က အာ ဒံ နဲ့ ဧ ဝ တို့ ရဲ့ ဇာတ် လမ်း”

ဒီ လို နဲ့ ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ တို့ ကို ဖန် ဆင်း ပြီး တော့ ဧ ဒင် ဥ ယျာဉ် ထဲ မှာ တစ် သား တစ် ကိုယ် တည်း အ ဖြစ် နဲ့ နေ ရာ ချ ထား ပါ တယ်။ အာ ဒံ ရဲ့ အ လုပ် ဟာ ပင် မ အ လုပ် ဖြစ် ပြီး တော့ ဧ ဝ ရဲ့ အ လုပ် ဟာ အ ထောက် အ ကူ ပြု တဲ့ အ လုပ် ဖြစ် ပါ တယ်။ ဘယ် သူ က ဘယ် သူ့ ကို အုပ် စိုး ရ မယ်၊ လွှမ်း မိုး ရ မယ် လို့ ဘု ရား သ ခင် က သတ် မှတ် မ ထား ဘူး။ ပုံ မှန် အား ဖြင့် ပင် မ တာ ဝန် ယူ တဲ့ သူ ရဲ့ လို အပ် ချက် ကို ထောက် မ ရ မဲ့ သူ က ဖြည့် ဆည်း ပေး ဖို့ ပါ ဘဲ။ သူ တို့ နှစ် ယောက် စ လုံး တန်း တူ ညီ တူ စ နစ် နဲ့ ကိုယ့် တာ ဝန် ကိုယ် စီ ကို ကျေ ပွန် အောင် ထမ်း ဆောင် ကြ ဖို့ ဖြစ် ပါ တယ်။

ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ ကို ကိုယ် စီ တာ ဝန် ပေး ထား သ လို လွတ် လပ် စွာ ဆုံး ဖြတ် ရွေး ချယ် လုပ် ဆောင် ပိုင် ခွင့် ကို လည်း ပေး ထား ပါ တယ်။ ဒီ တော့ ကာ စဉ်း စား သာ ကြည့် ပါ။ အ ခြေ ခံ အ ရည် အ ချင်း လောက် သာ ရှိ တဲ့ ရိုး ရိုး အ အ အာ ဒံ နဲ့ အ ရည် အ ချင်း မြင့် မား ပြီး ထက် ထက် မြက် မြက် ရှိ တဲ့ ဧ ဝ ကို ဘု ရား သ ခင် က တစ် သား တစ် ကိုယ် တည်း ဆို ပြီး အ တူ တူ နေ ရာ ချ ထား တဲ့ အ ခါ မှာ ဘယ် သူ က ဘယ် သူ့ ကို လွှမ်း မိုး သွား မ လဲ။ ကျမ်း စာ အ ရ အ ဖြေ က တော့ ရှင်း နေ ပါ တယ်။ ဧ ဝ ဟာ အာ ဒံ ရဲ့ ဦး ဆောင် မှု နောက် ကို လိုက် ရ မှာ ဖြစ် ပေ မဲ့ သူ့ ဘာ သာ သူ လွတ် လပ် စွာ ရွေး ချယ် ဆုံး ဖြတ် ပြီး သူ့ လောက် မ ထက် မြက် တဲ့ အာ ဒံ ကို လွှမ်း မိုး အုပ် စိုး သွား ပါ တော့ တယ်။

“ဧ ဝ က အာ ဒံ ကို လွှမ်း မိုး သွား ခြင်း ၏ အ ကျိုး ဆက်”

သာ မန် အား ဖြင့် ကြည့် ရင် ဧ ဝ က အာ ဒံ ကို အုပ် စိုး သွား တာ ကြီး ကျယ် တဲ့ ကိစ္စ မ ဟုတ် ပါ ဘူး။ သူ တို့ နှစ် ယောက် အ ဆင် ပြေ နေ ရင် ပြီး တာ ဘဲ မ ဟုတ် လား။

ဒါ ပေ မဲ့ ခက် တာ က ဒီ လို ဖြစ် ပျက် နေ တာ ကို ဘု ရား သ ခင် ရဲ့ အ ကြံ အ စည် ကို ဖျက် ဆီး ဖို့ အ တွက် အ မြဲ တမ်း အ ခွင့် အ လမ်း စောင့် နေ တဲ့ စာ တန် က လည်း သ တိ ထား မိ ခြင်း ဖြစ် ပါ တယ်။ ဒါ ကြောင့် ဘု ရား သ ခင် ချ မှတ် ထား တဲ့ စည်း ကမ်း ကို ဖောက် ဖျက် ဖို့ ဘယ် သူ့ သွေး ဆောင် ရ မ လဲ လို့ စာ တန် က လူ ရွေး တဲ့ အ ခါ အာ ဒံ ကို မ ရွေး ဘဲ ဩ ဇာ ညောင်း တဲ့ ဧ ဝ ကို ‌ရွေး ခဲ့ ခြင်း ဖြစ် ပါ တယ်။

ကောင်း မ ကောင်း သိ ကျွမ်း ရာ အ ပင် က အ သီး ကို မ စား ဖို့ စည်း ကမ်း ချက် ကို ဘု ရား သ ခင် က အာ ဒံ ကို ပေး ခဲ့ တာ ဖြစ် တယ်။ ဧ ဝ ကို ပေး တာ မ ဟုတ် ဘူး။ ဧ ဝ ဟာ ဒီ စည်း ကမ်း ချက် ကို အာ ဒံ က နေ တစ် ဆင့် သိ ရ တာ ပါ။ ဒါ ကြောင့် စည်း ကမ်း ဖောက် ဖို့ အ ဓိ က သွေး ဆောင် ခံ သင့် သူ ဟာ အာ ဒံ ဖြစ် ပေ မဲ့ စာ တန် က လိမ္မာ ပါး နပ် စွာ ဧ ဝ ကို ဘဲ ရွေး ချယ် သွေး‌ ဆောင် ပါ တယ်။

ကျွန် တော် ထင် ပါ တယ်၊ စာ တန် က အာ ဒံ ကို သာ သွေး ဆောင် ခဲ့ ရင် သူ အောင် မြင် ဖို့ မ သေ ချာ ဘူး ဆို တာ ကို သိ ထား ပါ လိမ့် မယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ထွေ ထွေ ထူး ထူး မ စဉ်း စား တတ် တဲ့ ရိုး ရိုး အ အ အာ ဒံ အ တွက် ပ ညာ တိုး ပွား တာ တို့ အ ဆင်း လှ တာ တို့ ဆို တာ တွေ ဟာ ဘာ မှ ကြီး ကျယ် မက် မော စ ရာ မ ဟုတ် ဘူး။ ပ ခုံး တွန့် ပြီး ဘာ လုပ် ဖို့ လဲ လို့ စာ တန် ကို ပြန် ပြော ကောင်း ပြော ပါ လိမ့် မယ်။ ဒါ ပေ မဲ့ အာ ဒံ ထက် ပို ပြီး ထက် မြက် တဲ့ ဧ ဝ အ တွက် တော့ ဘယ် လို အ ကျိုး ထူး တွေ ရ လာ မ လဲ ဆို တာ ကို စဉ်း စား တွေး မြင် ပြီး တပ် မက် စ ရာ ဖြစ် လာ ပါ တယ်။ နောက် တစ် ချက် က အာ ဒံ က စား ဖို့ သ ဘော တူ ရင် တောင် မှ အာ ဒံ အ ပေါ် ဩ ဇာ ညောင်း တဲ့ ဧ ဝ က သ ‌ဘော တူ ချင် မှ တူ မှာ။ အာ ဒံ ကို အောင် မြင် အောင် သွေး‌ ဆောင် ရုံ နဲ့ မ ပြီး ဘူး၊ ဧ ဝ ကို လည်း ဆက် ပြီး သွေး ဆောင် ဖို့ လို အုံး မှာ ပါ။ ဒါ ပေ မဲ့ ဧ ဝ က သာ သ ဘော တူ လို့ က တော့ ဧ ဝ ရဲ့ အုပ် စိုး မှု အောက် မှာ ရောက် နေ တဲ့ အာ ဒံ က အ လို လို သ ဘော တူ ပြီး သား ဖြစ် မယ် ဆို တာ ကို စာ တန် က သိ နေ တယ် လေ။

ဒါ ကြောင့် လိမ္မာ ပါး နပ် တဲ့ စာ တန် ဟာ အာ ဒံ အ ပေါ် ဧ ဝ ဩ ဇာ လွှမ်း မိုး နေ တာ ကို အ ခွင့် ကောင်း ယူ ပြီး ဧ ဝ ကို အောင် မြင် စွာ သွေး ဆောင် နိုင် ခဲ့ တယ်။ ဧ ဝ ဟာ တား မြစ် ထား တဲ့ အ သီး ကို မ စား ဖို့ အာ ဒံ ကို အ ထောက် အ ကူ ပြု ရ မဲ့ အ စား သူ ကိုယ် တိုင် က ဦး ဆောင် ပြီး ဘု ရား သ ခင် ချ မှတ် ထား တဲ့ တစ် ခု တည်း သော စည်း ကမ်း ကို အာ ဒံ ဖောက် ဖျက် စေ ခဲ့ တယ်။

“မြွေ က လည်း၊ သင် တို့ သည် ဧ ကန် အ မှန် သေ ရ မည် မ ဟုတ်။ အ ကြောင်း မူ ကား ထို အ သီး ကို စား သော နေ့ ၌ သင် တို့ သည် မျက် စိ ပွင့် လင်း လျက် ကောင်း မ ကောင်း ကို သိ ၍ ဘု ရား သ ခင် ကဲ့ သို့ ဖြစ် ကြ လ တံ့ သည် ကို၊ ဘု ရား သ ခင် သိ တော် မူ သည် ဟု မိန်း မ အား ဆို ၏။ ထို အ ပင် သည် စား ဘွယ် ကောင်း ခြင်း၊ အ ဆင်း လည်း လှ ခြင်း၊ ပ ညာ တိုး ပွါး စေ လို သော ငှါ၊ နှစ် သက် ဘွယ် သော အ ပင် ဖြစ် ခြင်း ကို မိန်း မ သည် မြင် လျှင်၊ အ သီး ကို ယူ ၍ စား ၏။ မိ မိ ခင် ပွန်း အား လည်း ပေး ၍ သူ သည် လည်း စား ၏။ ထို သူ နှစ် ယောက် တို့ သည် မျက် စိ ပွင့် လင်း ၍၊ မိ မိ တို့ ၌ အ ဝတ် အ ချည်း စည်း ရှိ သည် ကို သိ မြင် လျှင်၊ မိ မိ တို့ ဝတ် ရန် ဘို့ သင်္ဘော သ ဖန်း ပင် အ ရွက် တို့ ကို ချုပ် စပ် ၍ ခါး စည်း ကို လုပ် ကြ ၏။” (က ၃:၄-၇)

ဒီ လို နဲ့ လူ မိန်း မ ဧ ဝ က လူ ယောက်ျား အာ ဒံ ကို လွှမ်း မိုး အုပ် စိုး ခြင်း ရဲ့ အ ကျိုး ဆက် အ ဖြစ် လူ သား မျိုး နွယ် ကျ ရှုံး ခြင်း ဖြစ် စေ ခဲ့ တယ်။

“ဧ ဒင် ဥ ယျာဉ် မှ မောင်း ထုတ် ခံ ရ ခြင်း”

တား မြစ် ထား တဲ့ စည်း ကမ်း ကို ဖောက် ဖျက် တဲ့ အ တွက် အာ ဒံ နဲ့ ဧ ဝ တို့ ဟာ ဧ ဒင် ဥ ယျာဉ် က နေ မောင်း ထုတ် ခြင်း ခံ ရ ပါ တယ်။ အာ ဒံ ရဲ့ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် ရှောက် ဖို့ ဆို တဲ့ အ လုပ် ဟာ လည်း ဧ ဒင် ဥ ယျာဉ် က နေ မောင်း ထုတ် ခြင်း ခံ ရ တဲ့ အ တွက် အ လုပ် မ ရှိ တော့ ပါ ဘူး။ အာ ဒံ ဟာ လူ့ သ မိုင်း မှာ ပ ထ မ ဦး ဆုံး အ လုပ် ပြုတ် တဲ့ သူ လို့ ကျွန် တော် တို့ မှတ် တမ်း တင် နိုင် ပါ တယ်။ သူ့ ကို အ လုပ် ဖြုတ် သူ ဟာ သူ့ ကို အ လုပ် ပေး တဲ့ ဘု ရား သ ခင် ပါ။ သူ အ လုပ် ပြုတ် ရ ခြင်း ဟာ လည်း သူ့ မိန်း မ ဧ ဝ ရဲ့ စ ကား ကို နား ထောင် လို့ ပါ။ . . . ဒီ လို ပြော လို့ ဒီ ဆောင်း ပါး ဖတ် တဲ့ ယုံ ကြည် သူ အ မျိုး သား တွေ ကိုယ့် မိန်း မ စ ကား နား မ ထောင် ရ ဘူး လို့ မ ဆို လို ပါ ဘူး နော်။

ဒီ လို နဲ့ ဧ ဒင် ဥ ယျာဉ် က နေ မောင်း ထုတ် ခံ ရ တဲ့ အာ ဒံ နဲ့ ဧ ဝ တို့ ဟာ အ ပြင် ကမ္ဘာ လော က ကို ရောက် သွား ကြ ပါ တယ်။ အ ပြင် ကမ္ဘာ လော က ဟာ ဧ ဒင် ဥ ယျာဉ် နဲ့ နှိုင်း ရ ရင် င ရဲ နဲ့ ကောင်း ကင် လို့ ပြော ရ မ လား မ သိ ဘူး။ အ ရာ ခပ် သိမ်း ဟာ ပြောင်း လဲ သွား ပါ ပြီ။ ဘု ရား သ ခင် ရဲ့ ဥ ယျာဉ် တော် မှာ အေး ချမ်း သာ ယာ တဲ့ နေ ရာ က နေ ကျိန် ခြင်း ခံ ရ တဲ့ ကမ္ဘာ လော က ကြီး ရဲ့ ဆင်း ရဲ ဒုက္ခ တွေ ကြား မှာ အ သက် ရှင် ရ တော့ မှာ ပါ။

သား ရဲ တိ ရစ္ဆာန် တွေ အ ပေါ် မှာ လည်း သူ တို့ အုပ် စိုး မှု အာ ဏာ မ ရှိ တော့ ဘူး။ သူ တို့ စေ ခိုင်း ရာ လုပ် ရ တဲ့ ဆင် တွေ၊ ကျား တွေ၊ ခြင်္သေ့ တွေ၊ ဒိုင် နို ဆော တွေ ကို သူ တို့ ပြန် ကြောက် နေ ရ ပြီ။ အ သက် ပင် ရဲ့ အ သီး ကို လည်း ယူ စား ခွင့် မ ရှိ တော့ ဘူး။ ဒဏ် ရာ ရ လို့ ဖြစ် စေ မ ကျန်း မာ ရင် ဖြစ် စေ အ ရင် လို့ ပြန် ကောင်း အောင် လုပ် လို့ မ ရ တော့ ဘူး။

ချစ် ခြင်း မေတ္တာ ရှင် ဖြစ် သ လို တ ရား မျှ တ တဲ့ အ ရှင် ဖြစ် တဲ့ ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ ကို သူ တို့ အ ပြစ် နဲ့ အ လျှောက် မ တိုး မ လျှော့ အ ရေး ယူ အ ပြစ် ပေး ခဲ့ ပါ တယ်။ အာ ဒံ ရဲ့ မ နာ ခံ မှု ကြောင့် မြေ ကြီး ဟာ ကျိန် ခြင်း ကို ခံ ရ တယ်။ ဆင်း ရဲ ဒုက္ခ ဖြစ် ပေါ် လာ တယ်။ အ လုပ် ပြုတ် သွား တဲ့ အာ ဒံ ကို လည်း ဘု ရား သ ခင် က အ လုပ် သစ် ပြန် ပေး တယ်။ န ဖူး က ချွေး ခြေ မ ကျ တဲ့ အ ထိ အ လုပ် လုပ် ပြီး မိ သား စု ကို လုပ် ကျွေး ရ မယ် ဆို တဲ့ အ လုပ် သစ် ဖြစ် ပါ တယ်။ ပြီး တော့ အ ချိန် တန် ရင် လူ ဟာ သေ ရ မယ်။

“ယောက်ျား ကို လည်း၊ ထို အ ပင် ၏ အ သီး ကို မ စား ရ ဟု ငါ ပ ညတ် သော် လည်း၊ သင် သည် မ ယား ၏ စ ကား ကို နား ထောင် ၍ စား မိ သော ကြောင့်၊ မြေ သည် သင် ၏ အ တွက် ကျိန် ခြင်း ကို ခံ လျက် ရှိ ၏။ မြေ ၏ အ သီး ကို တ သက် ပတ် လုံး ပင် ပန်း စွာ စား ရ မည်။ ဆူး ပင် အ မျိုး မျိုး တို့ ကို လည်း သင့် အ ဘို့ မြေ ပေါက် စေ မည်။ လယ် ၌ ဖြစ် သော ဟင်း သီး ဟင်း ရွက် တို့ ကို သင် စား ရ မည်။ သင် ထွက် ရာ မြေ သို့ မ ပြန် မှီ တိုင် အောင်၊ သင် ၏ မျက် နှာ မှ ချွေး ထွက် လျက် အ စာ ကို စား ရ မည်။ အ ကြောင်း မူ ကား၊ သင် သည် မြေ မှုန့် ဖြစ် ၍၊ မြေ မှုန့် သို့ ပြန် ရ မည် ဟု မိန့် တော် မူ ၏။” (က ၃:၁၇-၁၉)

ပြီး တော့ ဘု ရား သ ခင် ဟာ ဧ ဝ ကို လည်း သူ့ အ ပြစ် အ လျောက် အ ရေး ယူ ခဲ့ ပါ တယ်။

“ခင် ပွန်း ၏ အုပ် စိုး ခြင်း ကို ဝန် ခံ ရ မည် ဟု ပ ညတ် ခြင်း”

လူ ကို ဖန် ဆင်း ကာ စ မှာ ဘု ရား သ ခင် က အာ ဒံ နဲ့ ဧ ဝ တို့ ကို များ ပြား စွာ မွေး ဖွား ကြ ဖို့ ပြော ခဲ့ ပါ တယ်။

“ထို သို့ ဘု ရား သ ခင် သည် မိ မိ ပုံ သဏ္ဌာန် နှင့် အ ညီ လူ ကို ဖန် ဆင်း တော် မူ ၏။ ဘု ရား သ ခင် ၏ ပုံ သဏ္ဌာန် တော် နှင့် အ ညီ လူ ယောက်ျား၊ လူ မိန်း မ ကို ဖန် ဆင်း ပြီး လျှင်၊ အ ချင်း တို့၊ များ ပြား စွာ မွေး ဘွား ကြ လော့။ မြေ ကြီး ကို ပြည့် စေ ၍ နိုင် ကြ လော့။ ပင် လယ် ငါး တို့ ကို ၎င်း၊ မိုဃ်း ကောင်း ကင် ငှက် တို့ ကို ၎င်း၊ အ သက် ရှင် ၍ မြေ ပေါ် မှာ လှုပ် ရှား တတ် သော တိ ရစ္ဆာန် အ ပေါင်း တို့ ကို ၎င်း အုပ် စိုး ကြ လော့ ဟု မိန့် တော် မူ ၍၊ သူ တို့ ကို ကောင်း ကြီး ပေး တော် မူ ၏။” (က ၁:၂၇-၂၈)

ဧ ချမ်း သာ ယာ တဲ့ ဧ ဒင် ဥ ယျာဉ် မှာ များ ပြား စွာ မွေး ဖွား ဖို့ ရာ မ ခဲ ယဉ်း ပေ မဲ့၊ ကျိန် ခြင်း ခံ ရ ပြီး ဘေး အန္တ ရာယ် များ ပြား တဲ့ ကမ္ဘာ လော က ကြီး ထဲ မှာ များ ပြား စွာ မွေး ဖွား ဖို့ ရာ ထင် သ လောက် မ လွယ် ကူ လှ ပါ ဘူး။ ဒါ ကို ဘု ရား သ ခင် က လည်း သိ ပါ လိမ့် မယ်။

အင် မ တန် လုံ ခြုံ ပြီး အေး ချမ်း သာ ယာ လှ တဲ့ ဧ ဒင် ဥ ယျာဉ် ထဲ မှာ ဘု ရား သ ခင် က အာ ဒံ နဲ့ ဧ ဝ တို့ ကို တန်း တူ ရည် တူ တစ် သား တစ် ကိုယ် တည်း အ ဖြစ် နဲ့ ထား ခဲ့ ပါ တယ်။ ဘု ရား သ ခင် က တိ တိ ကျ ကျ မ ပြော ပေ မဲ့ ပင် မ အ လုပ် ရှင် အာ ဒံ ရဲ့ ဦး ဆောင် မှု နောက် ကို အ ထောက် အ ကူ ပြု ရ မယ့် ဧ ဝ က နာ ခံ လိုက် လျှောက် ရ မယ် ဆို တာ အ လွယ် တ ကူ သိ နား လည် နိုင် တဲ့ အ ရာ ပါ။ ဒါ ပေ မဲ့ ဧ ဝ ဟာ ဘု ရား ပေး တဲ့ အ ရည် အ ချင်း တွေ နဲ့ အာ ဒံ ကို အ ထောက် အ ကူ ပြု ရ မဲ့ အ စား အဲ ဒီ အ ရည် အ ချင်း တွေ ကို သုံး ပြီး အာ ဒံ ကို လွှမ်း မိုး အုပ် စိုး သွား ပါ တယ်။ အဲ သ လို အင် မ တန် ကောင်း မွန် အေး ချမ်း တဲ့ ပတ် ဝန်း ကျင် အ ခြေ အ နေ မျိုး မှာ ဧ ဝ က အာ ဒံ ကို ကြီး စိုး လွှမ်း မိုး မှု ကြောင့် ဘု ရား သ ခင် ရဲ့ အ ကြံ အ စည် တော် ပျက် ပြား ပြီး လူ သား မျိုး နွယ် အ ပြစ် ထဲ ကျ ရှုံး ခြင်း ဖြစ် လာ ရ ပါ တယ်။

ဧ ဝ က အာ ဒံ အ ပေါ် လွှမ်း မိုး ခြင်း ဟာ ဧ ဒင် ဥ ယျာဉ် လို အင် မ တန် လုံ ခြုံ စိတ် ချ ရ တဲ့ နေ ရာ မျိုး မှာ တောင် လူ သား မျိုး နွယ် ကျ ရှုံး ခြင်း ဆို တဲ့ ဆိုး ကျိုး ကြီး ကို ဖြစ် ပေါ် စေ ခဲ့ တယ် ဆို ရင်၊ အ ခု လို သား ရဲ တိ ရစ္ဆာန် တွေ နဲ့ အင် မ တန် အန္တ ရာယ် များ ပြား တဲ့ ကမ္ဘာ လော က ကြီး ထဲ မှာ ဧ ဝ က အာ ဒံ ကို ဆက် ပြီး လွှမ်း မိုး အုပ် စိုး နေ မယ် ဆို ရင် လူ သား မျိုး နွယ် ကျ ရှုံး ရုံ မ က အ မျိုး ပါ တုံး သွား ဖို့ ဘဲ ရှိ တော့ တယ် လို့ ကျွန် တော် သုံး သပ် မိ ပါ တယ်။ များ ပြား စွာ မွေး ဖွား ပြီး မြေ ကြီး ကို ပြည့် စေ ဖို့ ဆို တာ အိမ် မက် ထဲ မှာ တောင် ဖြစ် နိုင် မှာ မ ဟုတ် ဘူး။ ဒါ ကို ဘု ရား သ ခင် က လည်း ကောင်း ကောင်း သိ မြင် ပါ တယ်။

ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ တို့ ရဲ့ ဧ ဒင် ဥ ယျာဉ် ထဲ က တစ် သား တစ် ကိုယ် တည်း ဖြစ် ခြင်း ဆို တဲ့ ဆက် နွယ် မှု ကို အ ပြင် ကမ္ဘာ လော က မှာ မ ပြောင်း လဲ စေ ခဲ့ ပါ ဘူး။ သူ တို့ နှစ် ဦး ဟာ ဆက် ပြီး တော့ တစ် သား တစ် ကိုယ် တည်း ဖြစ် နေ ဆဲ ပါ ဘဲ။ ဒါ ပေ မဲ့ လူ သား မျိုး နွယ် များ ပြား စွာ မွေး ဖွား ပြီး မြေ ကြီး ကို ပြည့် စေ ရေး ဆို တဲ့ ဘု ရား သ ခင် ရဲ့ ကျန် တဲ့ အ ကြံ အ စည် မ ပျက် ဖို့ အ တွက် ဘု ရား သ ခင် ဟာ အာ ဒံ နဲ့ ဧ ဝ တို့ ရဲ့ တစ် သား တစ် ကိုယ် တည်း ဆို တဲ့ ဆက် နွယ် မှု အ ပေါ် မှာ စည်း ကမ်း ချက် အ သစ် တစ် ခု ကို ထုတ် ပြန် လိုက် ပါ တယ်။ အဲ ဒါ က တော့ ဧ ဝ ဟာ အာ ဒံ ရဲ့ အုပ် စိုး မှု အောက် မှာ ရှိ ရ မယ် ဆို တဲ့ စည်း ကမ်း ချက် ပါ ဘဲ။

“မိန်း မ ကို လည်း၊ သင် ၌ ကိုယ် ဝန် ဆောင် ခြင်း ဝေ ဒ နာ ကို ငါ အ လွန် များ ပြား စေ မည်။ ပင် ပန်း စွာ ဝေ ဒ နာ ကို ခံ ၍ သား ဘွား ရ မည်။ ကိုယ် ခင် ပွန်း ၏ အ လို သို့ လိုက် ၍၊ သူ ၏ အုပ် စိုး ခြင်း ကို လည်း ခံ ရ မည် ဟု မိန့် တော် မူ ၏။” (က ၃:၁၆)

“ခြုံ ငုံ သုံး သပ် ချက်”

ဒီ ကမ္ဘာ ပေါ် မှာ စီး ပွား ရေး၊ နိုင် ငံ ရေး၊ လူ မှု ရေး၊ ပ ညာ ရေး စ သ ဖြင့် အ ဖွဲ့ အ စည်း တွေ မြောက် များ စွာ ရှိ ပါ တယ်။ အဲ ဒီ အ ဖွဲ့ အ စည်း တွေ မှာ မိန်း မ တွေ ဦး ဆောင် ဖို့၊ ကြီး စိုး ဖို့ ဘု ရား သ ခင် ဆီ မှာ ဘာ ပြဿ နာ မှ မ ရှိ ပါ ဘူး။ မင်း အ စိုး ရ အ ဖွဲ့ အ စည်း ထဲ မှာ မိန်း မ တွေ ဘု ရင် မ လုပ် ချင် ရင် လုပ် လို့ ရ တယ်။ နိုင် ငံ တော် သ မ တ တို့၊ ဝန် ကြီး ချုပ် တို့ လုပ် ပြီး တိုင်း ပြည် ကို အုပ် ချုပ် ချင် ရင် အုပ် ချုပ် နိုင် တယ်။ ဘု ရား သ ခင် အ တွက် ပြဿ နာ မ ဟုတ် ဘူး။ ဘဏ် တိုက် ကြီး တွေ၊ ငွေ ကြေး အ ဖွဲ့ အ စည်း ကြီး တွေ၊ ကော် ပို ရေး ရှင်း ကြီး တွေ မှာ မိန်း မ တွေ ဥက္က ဌ လုပ် နိုင် တယ်။ စစ် တပ် မှာ ဗိုလ် ချုပ် ကြီး လုပ် နိုင် တယ်။ သိပ္ပံ ပ ညာ ရှင် ကြီး တွေ၊ တက္က သိုလ် ကျောင်း အုပ် ကြီး တွေ၊ ပါ မောက္ခ ကြီး‌ တွေ ဖြစ် နိုင် တယ်။ ဘု ရား သ ခင် အ တွက် ပြဿ နာ မ ဟုတ် ဘူး။ ဒါ တင် မ က မိန်း မ တွေ ဟာ ဘု ရား သ ခင် ရွေး ကောက် တဲ့ ပ ရော ဖက် တွေ၊ တ ရား သူ ကြီး တွေ လည်း ဖြစ် နိုင် တယ်။ ဖြစ် လည်း ဖြစ် ခဲ့ ပါ တယ်။

ထူး ခြား တာ က အဲ ဒီ လို အ ဖွဲ့ အ စည်း တွေ အ မြောက် အ များ ရှိ တဲ့ အ ထဲ မှာ ဘု ရား သ ခင် က မိန်း မ တွေ ကို ကြီး စိုး ခွင့် မ ပေး တဲ့ အ ဖွဲ့ အ စည်း နှစ် ခု ထဲ ဘဲ ရှိ ပါ တယ်။ အဲ ဒါ ဟာ မိ သား စု ဆို တဲ့ အ ဖွဲ့ အ စည်း နဲ့ အ သင်း တော် ဆို တဲ့ အ ဖွဲ အ စည်း တို့ ဖြစ် ပါ တယ်။

ပို ပြီး ထူး ခြား တာ က ဒီ အ ဖွဲ့ အ စည်း နှစ် ခု ဟာ ဘု ရား သ ခင် ကိုယ် တော် တိုင် တည် ထောင် ထား တဲ့ အ ဖွဲ့ အ စည်း တွေ ဖြစ် နေ ခြင်း ပါ ဘဲ။ ဘု ရား သ ခင် ဟာ မိ သား စု ဆို တဲ့ အ ဖွဲ့ အ စည်း ကို ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၂ မှာ ဖွဲ့ စည်း ခဲ့ ပြီး တော့ အ သင်း တော် ဆို တဲ့ အ ဖွဲ့ အ စည်း ကို တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ မှာ ဖွဲ့ စည်း ပေး ခဲ့ ပါ တယ်။ ကျန် တဲ့ အ ဖွဲ့ အ စည်း တွေ ဟာ လူ တွေ ကိုယ့် ဘာ သာ ကိုယ် တည် ထောင် ထား တဲ့ အ ဖွဲ့ အ စည်း တွေ ပါ။

တစ် နည်း အား ဖြင့် ပြော ရ ရင် လူ တွေ တည် ထောင် ထား တဲ့ အ ဖွဲ့ အ စည်း တွေ မှာ ယောက်ျား မိန်း မ မ ရွေး၊ ဘယ် သူ မ ဆို ကြီး စိုး အုပ် ချုပ် ခွင့် ရှိ ပေ မဲ့ ဘု ရား သ ခင် ကိုယ် တော် တိုင် တည် ထောင် ပေး တဲ့ အ ဖွဲ့ အ စည်း နှစ် ခု (မိ သား စု နဲ့ အ သင်း တော်) မှာ တော့ ဘု ရား သ ခင် က မိန်း မ တွေ ကို အုပ် စိုး ခွင့် မ ပေး ပါ ဘူး။

ဘု ရား သ ခင် ဟာ လူ ယောက်ျား ကို ရော လူ မိန်း မ ကို ဖန် ဆင်း ခဲ့ သူ ပါ။ သူ တို့ ကို မ တူ ညီ တဲ့ အ ရည် အ ချင်း တွေ ပေး တာ ဟာ လဲ ဘု ရား သ ခင် ပါ ဘဲ။ အဲ ဒီ အ ရည် အ ချင်း တွေ ကို ဘယ် နေ ရာ မှာ အ သုံး ချ ရ မယ် ဆို တာ ကို လည်း ဘု ရား သ ခင် က သတ် မှတ် ပေး ထား ပါ တယ်။ မိန်း မ ရဲ့ အ ရည် အ ချင်း ဟာ ယောက်ျား ထက် သာ လွန် ပေ မဲ့ အဲ ဒီ သာ လွန် တဲ့ အ ရည် အ ချင်း ကို အ ထောက် အ မ နေ ရာ မှာ သုံး မှ သာ အ ကျိုး ဖြစ် ထွန်း မှာ ပါ။ လွဲ မှား စွာ အ သုံး ပြု ရင် ဆိုး ကျိုး ဖြစ် လာ မယ် ဆို တာ အာ ဒံ နဲ့ ဧ ဝ တို့ ရဲ့ ဧ ဒင် ဥ ယျာဉ် ထဲ က ဇာတ် လမ်း မှာ ထင် ရှား စွာ သိ ရ ပါ တယ်။

ဒါ ကြောင့် ဘု ရား သ ခင် ဟာ သူ တည် ထောင် ထား တဲ့ မိ သား စု နဲ့ အ သင်း တော် ဆို တဲ့ အ ဖွဲ့ အ စည်း နှစ် ခု တို့ ရဲ့ ရေ ရှည် တည် တံ့ ရေး အ တွက် မိန်း မ တွေ ကို အဲ ဒီ အ ဖွဲ့ အ စည်း နှစ် ခု မှာ အုပ် စိုး ခွင့် မ ပေး ရ ခြင်း ဖြစ် တယ် လို့ ကျွန် တော် နိ ဂုံး ချုပ် ပြော ပါ ရ စေ။

ဒါ ပါ ဘဲ ခင် ဗျား။ ဘု ရား သ ခင် ဟာ မိန်း မ တွေ ကိုယ့် ယောက်ျား ရဲ့ အုပ် စိုး ခြင်း ကို ဘာ ကြောင့် နာ ခံ ခိုင်း ရ သ လဲ ဆို တဲ့ မေး ခွန်း နဲ့ ပတ် သက် ပြီး ကျွန် တော် တစ် ရေး နိုး ပေါင်း များ စွာ က နေ ဆင် ခြင် ပြီး ရ လာ တဲ့ အ ဖြေ ဖြစ် ပါ တယ်။ ဒါ ဟာ အ မှန် တ ရား ပါ လို့ သေ ချာ ပေါက် ကျွန် တော် မ ပြော လို ပါ ဘူး။ စာ ရှု သူ မှာ ဒီ ထက် ကောင်း တဲ့ ရှင်း လင်း ချက် ရှိ ရင် ကျွန် တော် သိ ပါ ရ စေ။ စာ ဖတ် သူ အား လုံး ကို ဘု ရား သ ခင် ဉာဏ် အ လင်း ဖွင့် ပေး ပါ စေ။